Sunday 28 August 2011

ထွက်သက်တစ်ခု၏ ရှိုက်ငိုသံ

အချစ်ကချိုတယ်တဲ့
ဘယ်သူတွေများပြောခဲ့တာလဲ
ငါလည်းမြည်းစမ်းခွင့်ရချင်ပါတယ်။
ဒါပေမယ့် ဘ၀က “န”လွန်းတယ်
ချစ်နေတဲ့ သူကိုတောင်
“ချစ်တယ်” လို့ပြောခွင့်မရှိတဲ့ဘ၀။
တစ်သက်မှာ တစ်ခါပဲချစ်ခဲ့တာမို့

ရင်နင့်နင့်နဲ့ပဲ ငါဆိုလိုက်ပါရစေ ချစ်သူ
တစ်ဘ၀ လုံးစာအတွက်ပါ။
အဲ့ဒီအတွက် တန်ပြန်ရရှိလာတာက
ရင်ဘတ်တစ်ခုလုံးစုတ်ပြက်ခါစေခဲ့တယ်။
“အမုန်း” တဲ့။
မကြားချင်ဆုံးစကားလုံးပါပဲ
ငါ့နှလုံးခုန်သံတွေ ရပ်တန့်သွားတယ်။
ဒါပေမယ့် ......
ငါပျော်ပါတယ်..ချစ်သူ
မင်းအမုန်းကြောင့် ငါမြည်းစမ်းခွင့်ရလိုက်တာက
ကဗျာတစ်ပုဒ်ဖြစ်နေလို့ပဲ။
အဲ့ဒီ ကဗျာတွေနဲ့ လောကကိုအလှဆင်မယ်
အဲ့ဒီကဗျာတွေနဲ့ ပန်းတွေပျိုးမယ်။
အဲ့ဒီကဗျာတွေနဲ့ နွေရဲ့သစ်ရွက်ကိုလည်း ကြွေစေမယ်
ဥသြငှက်လိုလည်း ကျူးရင့်မယ်
ငါ့ကဗျာတွေနဲ့ လောကကို ပန်းတွေပွင့်စေမယ်။။။။။။။။
ဒါပေမယ့် ငါ့နှလုံးသားကတော့
မင်းရဲ့ သံမဏိဓားသွားလို စကားကြောင့်
ကြွေပျက်ခဲ့တာ ကြာခဲ့ပါပြီကွာ.။။။။။။။။။။။။။။။။။။။


ဆန္ဒမွန်ဖြင့်.............လွမ်းနောင်.။။။။။။။။

1 comment:

  1. “အမုန်း” တဲ့။
    မကြားချင်ဆုံးစကားလုံးပါပဲ.................

    မိဂျက်လဲ အဲဒီစကားလုံးကို မုန်းတယ်
    မကြားချင်ဘူး တူတူပဲ
    ခံစားခဲ့ပြီနော်။

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။