Thursday 6 December 2012

ရင်ထဲက တောက်ခေါက်သံ

အတွေးစုတ်
ခွေးယုတ်တို့ ရက်စက်သံ။

မှန်စွာဟောင်
သန္တာရောင် လွာနှစ်ချပ်
ဆင့်ထပ်နီကြန်။

Friday 30 November 2012

မျက်ရည်ပွင့်တွေနဲ့ ကခုန်တဲ့ည

** ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုခဲ့ရတယ်**
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
 မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
 ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး

Monday 26 November 2012

လရောင်မျှားသော နွေညများ

ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ် တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ အလင်းကြယ်တချို့ကား မဟီမြေပြင်ကို ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။ လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ  ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်

Friday 23 November 2012

ဟိုက္ကူကဗျာ

` အိပ်မက်တွေ ကြွေတဲ့ည ´


အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
 

ခေတ်ဆိုး

ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။



ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။

Tuesday 20 November 2012

လရောင်မျှားသော နွေညများ

ချစ်ခြင်း အသင်္ချေ။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။

လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။

အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။




ဆန္ဒမွန်ဖြင့်...လွမ်းနောင်။

Saturday 17 November 2012

သင်္ခါရကို မျိုချနေရသော နေ့စွဲများ

ခုတလော ကျုပ်ရင်ထဲမှာ ပိုးတစ်မျိုးထနေတယ်။ တခြားဟုတ်ရိုးလားဗျာ။ အိမ်ရှေ့က အသစ်စက်စက် အုတ်တိုက်လေးကို ကြည့်ပြီး အိမ်အသစ် ဆောက်ချင်တဲ့ ပိုးပေါ့။ဟိုတုန်းက ကျုပ်အိမ်ကို စုတ်တယ် ချာတယ်.ပြောကြတုန်းက ကျုပ် သိပ်အရေးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်က ကြယ်မြင်လမြင် လောကဓံကိုပဲ ဖက်တွယ်ပြီး နေခဲ့တာ။ ဒီတုန်းကလည်း အိမ်ရှေ့မှာက အခုရှိနေတဲ့ တိုက်သစ်လေး မရှိသေးဘူး။ မြေကွက်လပ်ကြီးပဲ ရှိတာ။ ပြီးခဲ့တဲ့ နှစ်လ လောက်ကမှ အုတ်တွေ သဲတွေ လာချ ။ မြက်ရိုင်းတွေ ရှင်းပြီး လုပ်သွားလိုက်တာ အခုလို တိုက်လေး ဖြစ်လာတာပဲ။  အခုတော့ ရှေ့က တိုက်သစ်လေးကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ ကလိ ကလိ ဖြစ်နေတယ်။ ဖြစ်ဆို ကျုပ်မှာကလည်း လုံလောက်တဲ့ အကြောင်းက ရှိနေတာကိုး။

Wednesday 14 November 2012

သက်မျှထပ်တူချစ်သော်လည်း



ယဉ်ကြည်ချိုရွှင်၊  ထုံးနောက်ရှင်နှင့် ၊ ရွှေစင်ပုံသွန်း၊ လှရည်ရွှန်းတင့်၊လေးကျွန်းတစ်ကိုယ်၊ တုနှိုင်းဆိုလည်း ၊ ဖက်လိုပြိုင်ကြ ၊ နိုင်မရမို့၊ပျောင်းပျ ညွတ်ထွေ၊ လှမြုတေကို၊ ရဝေခေါင်နန်း၊ တော်ထိုက်ပန်းဟု၊ ပျံ့မွှန်းဆိုကာ၊ ခွန်းဆင့်ပါ၍၊ ငါးဖြာကြန်အင်၊ ရှုတိုင်းယဉ်ကို၊ နေ၀င်ချုပ်စ၊ ဆည်းဆာညတွင်၊ ပျပျမှောင်ဖိတ်၊ နွေအရိပ်နှင့်၊ သုံးထိပ် တုနှုန်း၊ ၊မီ မဆုံးတည့်၊ ဆံထုံးမြိတ်သွယ် စို့တကား။

Sunday 11 November 2012

ကြယ်တွေစုံတဲ့ ကောင်းကင်


 မခမ်းမနား ၊ မဆန်းပြားလည်း
စွမ်းအားပြည့်စုံ ၊ မွှေးနံထုံသည်
လက်ဆုံခင်းသည့်  ထမင်းဝိုင်း

 အွန်လိုင်းပေါ်တွင် သူငယ်ချင်း တစ်ယောက် တင်ထားသော ကဗျာလေးကို ဖတ်အပြီး သူမရင်ထဲ သိမ့်သိမ့်လေး လှုပ်ရှားသွားသည် ။ နေ့တစ်နေ့တာတွင် သူမအတွက် အပူလောင်ဆုံး အချိန်သည် မနက်ခင်းဖြစ်ပြီး အအေးမြဆုံး အချိန်သည် ဆည်းဆာရီ တစ်ခုသာ ဖြစ်သည် ။
မနက်ခင်းဆိုလျှင် အဖေနဲ့ အမေတို့က အိမ်ကနေ ထွက်ပြီး ရုံးသို့ သွားသည်။ တစ်နေ့လုံး အိမ်ထဲမှာ သူမ တစ်ယောက်သာ ရှိသည်မို့ မနက်ခင်းကို သူမ မုန်းသည် ။ ညနေခင်းကိုတော့ချစ်သည် ။ တိမ်အလွှာတွေက ဇာပ၀ါကွန့်သလို အတွန့် အတွန့်တွေက တစ်မျိုး ၊ ဟိုးးးးးအထက်သို့ ထောင်တက်နေသည်က တစ်ဖုံ ၊ ငိုရဖန်များ၍ နီရဲ မို့အစ်နေသော မျက်လုံး ပုံစံကဲ့သို့ နေမင်းကြီး ၊ ဆိုင်ရာ ဆိုင်ရာ ဌာနေသို့ ပြန်နေသော ငှက်အုပ်များ ။ ဒီမြင်ကွင်းတွေက ဆည်းဆာရဲ့ အလှတွေပင်ဖြစ်သည်။ ဒီအလှတွေကို အနားကွပ်ပေးတာကတော့ သူမရဲ့ မိဘနှစ်ပါး အိမ်အပြန်ခရီးဖြစ်သည် ။ သူမသည် မိသားစုကို တွယ်တာသည် ။ သူမတို့ မိသားစုမှာ.ကဗျာလေးထဲကလို လက်ဆုံခင်းသည့် ထမင်းဝိုင်း မဖြစ်တာ အတော်ပင် ကြာခဲ့လေပြီ..။

Saturday 27 October 2012

နှင်းဆွတ်ဆွတ်လမ်း

                                         ( ၁ )

နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော  ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။  ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။  အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။  အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား  ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။

Saturday 20 October 2012

စကားစမြည် စိုက်ခင်း


                                  (  ၁  )
ရာသီကား ဆောင်းခိုငှက်တို့  နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို  သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း 
မြေသို့နင်းကာ လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး  ထန်းပင်တို့ ကြီးစိုးသည့်  တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။ မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့် ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့ ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊ ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့ အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန် စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။ မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။ နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့် တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။

Tuesday 16 October 2012

ဖူးပွင့်လာသော အနုပညာပန်းများ

`ပျော်စရာ ရွှင်စရာ ကမ္ဘာ´

ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့

ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို

လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ

Saturday 13 October 2012

စာအုပ်များအား ခံစားခြင်း



`မောင့်ဘ၀ ညအလားကွယ် ´

မေတ္တာနှင်းဆွတ်ဖျန်းလို့
အေးချမ်းတဲ့ ပန်းဖူးငုံ
လန်းဝင့်မွှေးထုံ ။

မေတ္တာခြုံ
သစ္စာလုံပါတဲ့ နှစ်ဦးသား ။
ရှင်းခက်ပါသလေ
ငြင်းလျှက်ဗျာပွေအပူမိပြန်ပေါ့
မချိဟန်တမင်ထိန်းကာ
စိမ်းခဲ့တကား။

Wednesday 3 October 2012

လောင်းကစားသမား

မပီဝိုးတ၀ါး အရောင်ဖျော့ဖျော့ အလင်းက လောကကမ္ဘာမြေကို သိမ်းပိုက်ဝါးမျိုထားသည်။ဟိုနားက နီနီ ဒီနားက ၀ါဝါဖြင့်  တိမ်စအချို့ကား ညနေဆည်းရီပန်းချီကို အနားကွပ် အလှချယ်ပေးနေသကဲ့သို့ ရှိနေသည်။ ပတ္တမြားတစ်စကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင် မျက်လုံးကြီးက လျှောကျ ပျောက်ကွယ်လုလု ရှိနေသည်။ မှုန်ရီဝိုးတ၀ါး နေရောင်အောက်မှာ လျှောက်နေရင်းမှ ဆည်းဆာ၏ အလှကို ကိုရင်ဣန္ဒာဝုဓ ခံစားမိလိုက်သည်။  နေရောင်မပြင်းတော့သော်လည်း နေ့လည်က အရှိန်မသေသေးသဖြင့် မြေက အပူရှိန် ဟပ်နေသည်ကို လည်း တဆက်တည်း သတိပြုမိလိုက်သည် ။ ဘေးဘီကို မကြည့်တော့ပဲ တစိုက်မတ်မတ် လျှောက်လာရာမှ  ရှေ့မှာ မှိုင်းအုပ်အုပ်ဖြင့် ရွာကလေးကို တွေ့ရတော့မှ ခြေလှမ်း၏ မြန်နှုန်းကို လျှော့ချလိုက်သည် ။ဇာတိရွာ ။ မိမိ၏  မွေးဖွာရာ ဒေသ ။ အမှောင်က အတန်ပင် စိုးမိုးခဲ့ပြီမို့အိမ်တချို့မှာ မီးခွက်ကလေးများပင် ထွန်းညှိထားလေပြီ ။ သွက်သွက်ကလေးပင် ငယ်ဆရာရင်း ဖြစ်သော ဆရာတော်ဘုရားရှိရာ ကျောင်းဆီသို့ ဦးတည်လာခဲ့သည်။

Wednesday 26 September 2012

ကဗျာတိုနှစ်ပုဒ်

`ခေတ်ဆိုး ´


ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည် ။




`အိပ်မက်ကြွေတဲ့ည ´


အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ ။


ဆန္ဒမွန်ဖြင့် ..လွမ်းနောင် ။

Monday 24 September 2012

မိုးမျှော်တဲ့တေး

ဝဇ္ဇုံမာလီ   ထစ်ချုန်းမြည်ဟည်း
သံစုံတီး၍   ထီးမဲ ရံမိုး
တိမ်ငွေ့ခိုး တို့
ကိုးချက်နယ်စုံ    ကိုယ်ဝတ်ခြုံကာ
မာန်ဟုန်ပြင်းပြင်း  မိုးနတ်မင်းတို့ 
စစ်ခင်းရန်မူ  ဒေါသဆူလည်း  ..။

လူ့ပြည်တို့ရွာ  နယ်မြေမှာကား
လယ်ယာသွေ့ခြောက်  မိုးတစ်ပေါက်မျှ
ဖြိုးဖျောက်မမည်  မပီဂီတ
မလှယာမြေ   မဝေသစ်တော
စိမ်းရောမမှု   ဥတုမကြည်
မြေသည် အက်ကြောင်း  ဖုန်ထောင်းထောင်းနှင့်
ခယောင်းမြေတွေ   ဝေခဲ့ပြီ ။

Tuesday 18 September 2012

ရင်ဝေးကြယ်

အချိန်က ရုပ်ဆိုးသူတွေပင် လှပစေသည့်  ဆည်းရီ နေညိုချိန်။ ခင်ခင်တင့် လယ်ကန်းသင်းရိုးပေါ်မှာ ထိုင်၍ အိပ်တန်းပြန် ငှက်တချို့နှင့် မရိုးနိုင်သော ဆည်းဆာ၏ အလှကို ငေးမော ကြည့်နေမိသည်။ စိတ်ထဲမှလည်း   ` ငှက်တို့သည်ပင်လျှင် အချိန်တန် အိမ်ပြန်ကြပါလား ´ ဟု တွေးလိုက်မိသည်။  ဖုန်များ ထောင်းထောင်းထနေသော ရွာအ၀င်လမ်းဆီသို့ လှမ်းမျှော်ကြည့်ရင်း  အဖေနဲ့ အမေ ဘယ်တော့များမှ ပြန်လာမှာပါလိမ့် ဟူသောအတွေးဖြင့် ရင်မောမိရပြန်သည်။ ငှက်ကလေးတွေလိုပင် အဖေနဲ့ အမေ သူမတို့ မိသားစုရှိရာသို့ ပြန်လာလေလျှင် ဘယ်လောက်များ ပျော်စရာ ကောင်းလိမ့်မည်လဲ ။ သို့သော်ငြား သူမ၏ ထိုအတွေးသည် မပီပြင်သည့် ပန်းချီကား တစ်ချပ်သာ ဖြစ်ကြောင်း ခင်ခင်တင့် နားလည်မိပါသည် ။ ဆည်းဆာနေရောင်အောက်ဝယ် ထိုင်နေရင်းမှ ခင်ခင်တင့် စိတ်တို့က အတိတ်ကာလဆီ အလည်တစ်ခေါက် အပြေးသော့လေပြီ ။
…………………………………………………………………………………………….

မီးတောက်သစ်ပင်

သွေးထွက်အောင် မှန်တဲ့ အိပ်မက်
 ငွေကျပ်လောက် အရာမရောက်တဲ့  အမှန်တရား
 ဖြစ်စဉ်တွေက တဖြည်းဖြည်း ခါး..ခါး..လာ ။

Saturday 15 September 2012

ပန်း


တလောက ဘလော့ဂါတွေရဲ့ ဘလော့စာမျက်နှာတွေ လိုက်ဖတ်ရင်း ကျွန်တော် လေးစားအတုယူရတဲ့ ကိုဟယ်ရီရဲ့ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံများ အရောက်မှာ `ဒေါင်း ´ ဆိုတဲ့ ကဗျာတစ်ပုဒ်ကို သွားတွေ့တယ်။ ` ဒေါင်း ´ နဲ့ အတူ `လွမ်းလှိုက်လျက်လေး ´  ` စိမ်း ´  စတဲ့ ဟန်တူ ကဗျာတွေကို ခံစားဖတ်ရှုရတာမို့ ဗဟုသုတ ပွါးရင်းကနေ ကိုယ်တိုင်လည်း အဲ့လိုလေးတွေ ရေးကြည့်ချင်တဲ့ စိတ်ကလေး ဖြစ်လာပါတယ် ။ ဒါကြောင့်လည်း ` ပန်း ´ ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ ဒီကဗျာလေးကို စမ်းရေးကြည့်တာပါ ။  လေးထပ်ကြော့ စကြာတေးထပ်လို့  မှတ်သားမိပါတယ်။

ပန်းတစ်ခိုင်ဆိုတာလေးကနေ လက်ဝဲရစ် ဖတ်သွားလိုက်ရင် ဒီလိုလေး တွေ့ရမှာပါခင်ဗျာ။



ပန်း  တစ်ခိုင်                 ပန်း  မြိုင်တင့်                    ပန်း  လှိုင်ဆင့်                                    ပန်း   ဝေ ။
ပန်း  ကြိုင်စွင့်             ပန်း  တွေရယ်                     ပန်း  ကဝေ                                 ပန်း အလှ ။
ပန်း  မြမြ                    ပန်း    နွယ်                        ပန်း    ထည်တဲ့                              ပန်း  ဘ၀ ။
ပန်း  အသွေး              ပန်း   မွှေးကြည်တယ်        ပန်း  ရွေးသီ                            ပန်း  ပန်းချီခြယ်သ။
ပန်း ၀တ်ရည်             ပန်း  ကြည်မြသမို့             ပန်း သီတာ့                                     ပန်း လွင် ။
ပန်း  အစုံ                   ပန်း    ဂုဏ်မညှိုး               ပန်း ဘုံတိုး                                       ပန်း မွန် ။
ပန်း  ညီကာ               ပန်း အသွင်မို့                   ပန်း ဆင်လို့                                    ပန်း  ၀တ်လွှာ ။
ပန်း  ဥယျာဉ်             ပန်း  ပင်မြင့်                      ပန်း  လွင့်                                           ပန်း  ၀ါ ။
ပန်း   နိမိတ်               ပန်း   အရိပ်ဖြာတယ်          ပန်း   သိက္ခာ                                   ပန်း  ဖြာဝင့်လေး ။


ရိုးရိုးတေးထပ်လို စာစီလိုက်ရင်တော့ ဒီလိုလေး တွေ့ရပါမယ်ခင်ဗျာ။

ပန်းတစ်ခိုင် ပန်းမြိုင်တင့်
ပန်းလှိုင်ဆင့် ပန်းဝေ
ပန်းကြိုင်စွင့် ပန်းတွေရယ်
ပန်းကဝေ ပန်းအလှ ။
ပန်းမြမြ ပန်းနွယ်
ပန်းထည်တဲ့ ပန်းဘ၀ ။
ပန်းအသွေး ပန်းမွှေးကြည်တယ်
ပန်းရွေးသီ ပန်းပန်းချီခြယ်သ ။
ပန်းဝတ်ရည် ပန်းကြည်မြသမို့
ပန်းသီတာ့ ပန်းလွင် ။
ပန်းအစုံ ပန်းဂုဏ်မညှိုး
ပန်းဘုံတိုး ပန်းမွန် ။
ပန်းညီကာ ပန်းအသွင်မို့
ပန်းဆင်လို့  ပန်းဝတ်လွှာ ။
ပန်းဥယျာဉ် ပန်းပင်မြင့်
ပန်းလွင့် ပန်းဝါ ။
ပန်းနိမိတ် ပန်းအရိပ်ဖြာတယ်
ပန်းသိက္ခာ ပန်းဖြာဝင့်လေး..။





ကဗျာလေးကို ဝေဖန်ထောက်ပြတဲ့ စာပေအာစရိယ အပေါင်းအား ဦးညွတ်ပြီး စာပေဖွားဖက်တော် အပေါင်းအား လေးစားလျှက်....။



ဆန္ဒမွန်ဖြင့်........လွမ်းနောင် ။

Saturday 28 July 2012

မြို့


မစို့မပို့ အလင်းရောင်ကြားမှာ

အလဲလဲ အပြိုပြို အော်သံ ခေါ်သံတွေနဲ့

သူ့ရဲ့ ည၀တ်ရုံကို ဆွဲခွါတယ်။


စီမ်း..နီ..မဲ...မှောင်

အရောင်စုံ အပြုံးတွေကို ကိုယ်စီတပ်ဆင်းရင်း

အဲ့ဒီမနက်ကို စတင်ခင်းကျင်းခဲ့တယ်။

သူက ..

လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုဆိုတာတွေနဲ့

ခေတ်ကို ခပ်တည်တည် ခါးစောင်းတင်ထားတယ်။

Saturday 21 July 2012

အသက်ရှူရပ်တဲ့ ကဗျာ

အချစ်ဆိုတာ တစ်ခုအတွက်နဲ့တော့

လောကကို ခါးစောင်းတင်ဖို့အထိ

မရဲရင့်ချင်သေးဘူးလေ ။


ခန္ဓာအိမ် နံရံထက်မှာ

ရင်ဘက်က အက္ခရာတွေကို

ကဗျာအဖြစ် ထွင်းဖို့ ကြိုးစားတိုင်း

နယ်ပယ်တစ်ခုက အသိတရားကို လာလာပြီး  နှောင်တယ်။

Friday 20 July 2012

ရွာကလေးရဲ့ ကျန်းမာရေး

ရှေ့ကို ရောက်နေသော နှစ်ယောက်ကို ကြည့်ပြီး သူကြီး ဦးဘစီ တော်တော်ပင် စိတ်ညစ်နေသည်။ အမြဲတမ်းလိုလို ပြဿနာနဲ့ နှောင်ဖွဲ့ ထုံးရစ်နေတဲ့ ဒီနှစ်ယောက် ။ ယခုလည်း ပြဿနာကို အထုတ်လိုက် မ ပြီး သူရှေ့ ရောက်နေသည်။ ရွာထဲမှာ ဟိုနေရာ ဒီနေရာ အမြဲ ပြဿနာဖြစ်လို့ ရှင်းနေရတဲ့ အထဲ ဒီဘကျော်တို့ ညီအစ်ကိုနှစ်ယောက်က အမြဲတမ်း တမှောင့် နှောင့် နှောင့်နေတတ်သည်။။သူများတွေက တခြားလူနဲ့ ပြဿနာ ဖြစ်ကြတာမို့ မပြောသာသော်လည်း ဘကျော်တို့ ညီအစ်ကိုကတော့ သူတို့ အချင်းချင်းဖြစ်သော ပြဿနာ ဖြစ်သည်။ ။ဖြစ်ပုံက သူတို့နှစ်ယောက် အမွေရထားသော ခြံကြီးမှ စသည်။ကိုယ်စီ ကိုယ်စီ အိမ်ထောင်ကျပြီး ခြံဝင်းကြီးကို နှစ်ပိုင်းပိုင်း ခွဲယူထားရာမှ ယခုအခါ သူ့ဘက်က ကျယ်လို့ ငါ့ဘက်က ကျဉ်းလို့ဆိုသော သေးငယ်သည့်အမြင်တွေနဲ့ ဒီပြဿနာကို အစထူခဲ့ခြင်း ဖြစ်သည်။ဦးဘစီ ဒေါပွတာက ဘကျော်တို့ ညီအစ်ကို နှစ်ယောက်ကို ဖြစ်သည်။  မူလ စိတ်ရင်းကောင်းသူတွေ ဖြစ်သော်လည်း လောဘ၏  ညှို့ယူခြင်းကို ခံထားရသည့် သားကောင်များပီပီ  ညီအစ်ကိုဆိုသော သွေးကို မမြင်တော့ပဲ သူတို့မိန်းမများ၏  ပြိုင်ဆိုင်တတ်မှုအား အညွန့်ထွက်စေရန် ရေလောင်း ပေါင်းသင်ပေးသည့်သဘောနှယ်
 ဖြစ်နေခြင်းကို မသိသဖြင့်  ဒေါပွသည်။  အရင်ကလည်း ဒီလိုခဏခဏ ဖြစ်ခဲ့ဖူးသည်။ ဦးဘစီ ရှင်းပေးလိုက်ရင် ငြိမ်သွား ကျေအေးသွားကြပြီး သူတို့မိန်းမတွေက မကျေနပ်ကြောင်း အသံလေးတွေ ထွက်လာရင် ထဖြစ်တတ်ပြန်သည်။ အခုလည်း ဒီပြဿနာနှင့် ရောက်လာခြင်း ဖြစ်သည်။

Monday 26 March 2012

ဥမ္မတကရဲ့ ပုံပြင်အို

အေးဗျာ ခင်ဗျားက သူနဲ့ ကျွန်တော့် အကြောင်း စိတ်ဝင်စားတယ်ဆိုလို့သာ ပြောပြရမှာ ၊ တကယ်တော့ ကျွန်တော်က  “မြနှင်းဆီ ” ဆိုတဲ့ သူနဲ့ပတ်သက်တာတွေကို မေ့ထားတာ တော်တော်ကြာပြီဗျ ၊ တခြားလူတွေဆို ကျွန်တော်က ပြောပြရိုးလားဗျ ၊ ခင်ဗျားကိုသာ ခင်မင်ရင်းစွဲ ရှိလို့ ပြောပြတာ ။ မှတ်မှတ်ရရ သူ့ကို ကျွန်တော် စသိတာက ခုလို နွေလကြီးဗျ ။ ရွက်ဝါလေးတွေ ကြွေနေတာ ၊ ဥသြငှက်တွေရဲ့ နာပျော်ဖွယ် လွမ်းတေးတွေနဲ့ဆိုတော့  ခံစားတတ်ရင် နွေရာသီဆိုတာကလည်း လွမ်းမော တပ်မက်ဖွယ်ရာကောင်းတဲ့ ရာသီတစ်ခုပဲလေ ။  မေ့ထားတာ ကြာပြီဆိုတော့ ကျွန်တော်နဲ့ စသိစဉ်တုန်းက သူ့နာမည်တောင် မေ့တေ့တေ့ ဖြစ်နေပြီ.....။ ဟာ......မဟုတ်ဘူး.. ၊ ခင်ဗျား ထင်သလို အင်မ်နီးရှား (amnesia ) မဟုတ်ဘူးဗျ ။ ကျုပ်က သူနဲ့ပတ်သက်တာတွေကို တမင်မေ့ထားတာ ဘာရောဂါမှ မဟုတ်ဘူး ။ ထားပါတော့ဗျာ..။ အဲ.......နေဦးဗျ ၊ ထားပါတော့ ဆိုမှ သတိရတယ် ။ သူ့နာမည်က “ ထား ” ဗျ ။

Thursday 15 March 2012

အနာဂတ်ကောင်းကင်( ၁၃ ) လပြည့် အမှတ်တရ လေးချိုး

ရင်မှာ  ကြင်နာ ရွှင်ဖြာမနောအလှရယ်နဲ့
ရွှင်စွာ ၀င်လာသူ အစဉ်သာသဘောကျစေဖို့
မင်္ဂလာပါ ကြင်နာစွာ အလင်္ကာ အချောအလှတွေနဲ့
အပြောကျစရာကွယ့် ကြည်ပျောင်းအစဉ်
( အလိုကွယ် )
မနော လှပါတဲက ဒီကောင်းကင် ။

♥♥♥♥♥♥♥♥


 အမတ နန်းစဉ် မသွေတတ်စေဖို့
ပရဟိတ  ပန်းအသွင် အလှူရေစက်ကယ်က
အပူတွေခက်ဖြာ အရိပ်မဲ့ရှာတဲ့ဘ၀လေးတွေ အတွက်
အပူတွေ သက်သာ စိတ်ရဲ့အဟာရကျွေးစေလျှက်ပါပဲ
(အလိုကွယ် )
ထာဝရ အေးစရာ အရိပ်ကောင်းလိုပ
ပကာသန ဝေးကွာ မိတ်အပေါင်းရယ်နဲ့
စိတ်ကောင်းယှဉ်  ဒီခရီးတစ်လျှောက်မှာလ
နိမိတ်ကောင်းအစဉ် ကြည်ပြီဲးတောက်လျှက်ပါပဲ
စည်ထီးဆောက်ကာ အလှယဉ်စေဖို့
မဟာ့ပလ္လင် နန်းအထက်ဆီ ပျော်စရာတွေနဲ့
ဘဂ၀ါ့ အရှင် မှန်းလျှက်သာ ဖော်သဟာတွေက
ကျော်မဟာ ကံအထ စန်းအတတ်ပေသို့
ပန်းရဲ့ အသွင်ပမာ အရိပ်စကားတွေက
လန်းလျှက် ရွှင်စွာ နိတ်မိတ်အလားပေသို့
စိတ်ထား ချိုလွင် ။

♥♥♥♥♥♥♥♥

သင်္ခါရ လောကဓံပေမို့
ဝင်လာသမျှ “ ကောဓံ ” တွေကိုလည်း
အပြောမှန် အနေတည်စွာဖြင့်
သဘောအကြံ  သွေမဖီပါပဲ
တပြည်ဆီ ခြားနေ  နှမ မောင်တွေက
ရွှေပြည်အားလေ အလှဆောင်ပါလို့
ဘ၀တန်ဆောင် အလင်းများအောင်ပ
အသင်းသားတွေ ပေါင်းစုဖွဲ့ကာပေါ့
ခင်းတံတား အလှူ ကောင်းမှုပြုမယ်ရယ်လို့
မောင်းထုဖို့ စိတ်စော
( အိုကွယ် )
သောင်းဇမ္ဗူ့ အကြောင်းပြု
ကောင်းမှုရယ်တဲ့ စိတ်မနော ။

♥♥♥♥♥♥♥♥

 နွေရက်လ
တေရသ လမြောက်မှ အစဖြာလို့
အလှသာ မမုန်းတမ်းအပြိုင်အဆိုင်ကင်းကာပေါ့
ဘ၀မှာ  အ ပြုံးပန်းတွေလှိုင်လှိုင်ပွင့်စေကြောင်းရယ်နဲ့
မြိုင် ဂနိုင် တစ်ခွင့်အလယ် အလှပန်းလိုပ
ခိုင်ခိုင်ဝင့်ထည် ထာဝရမနွမ်းစေပဲ
ပန်းမွေးသီ စမ်းကလေးကြည်အေးသလိုပ
စခန်းဝေးပြီ လွမ်းတေးသီငှက်တွေကိုလည်း
အဝေးပြည် ပြန်ရက်နီးပါစေလို့
အတွေးမပီ ဟန်ချက်မတင်းနိုင်သူမှာတော့
အတင်းပင် တကြော်ကြော် အဆွေးသီချင်းရယ်နဲ့
အသင်းဝင် အဖော် မျှော် ငေးရင်းသာပဲ
 ဝေးရင်း တေးညဉ်းကာ အတိတ်သဘော
( အိုကွယ်....ကျွန်ုပ်မှာတော့ )
တွေးရင်းသာ  စိတ်မော ။

♥♥♥♥♥♥♥♥






ဆတိုင်မွတ် ဦးကူးရဲ့ သုံးထပ်သံတွေကို အားကျပြီး မူလက လေးချိုးကြီး အဖြစ်ရည်ရွယ်သော်လည်း ဥာဏ်မကွန့်နိုင်တော့သဖြင့် လေးချိုးလတ် အဖြစ်သာ အဆုံးသတ်လိုက်ရပါသည် ။


ကြိုးစားပါဦးမည် ။။ ဆန္ဒမွန်ဖြင့်..... လွမ်းနောင် ။။။။။။။။။။။

































Tuesday 13 March 2012

လွမ်းမိပါသေးတော့

မြတ်စွာဘုရားရှင်က ရတနသုတ်တော်တွင် “ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ ၊ တထူပမံ ဓမ္မ၀ရံ အဒေသယိ  ” ဟူ၍  လောကုတ္တရာ အကျိုးစီးပွါးကို ဖြစ်စေတတ်သော နိဗ္ဗာန်ကို နွေလေးလတို့၏ အစ  လှပသော တပေါင်းလတွင် ပွင့်သောအဖျားရှိသည့် တောအုပ်ကဲ့သို့ အသရေရှိသော ဟူ၍  ခိုင်းနှိုင်းတော်မူခဲ့သည် ။





သာသည့်တပေါင်းလ မိန်ရာသီ ။ စာဆိုတွေ တော်တော်များများကလည်း နွေတပေါင်းရဲ့ အလှကို အထူးထူး ဖွဲ့ဆိုကြသည် ။ ပင်အိုရဲ့ ရွက်ဝါကြွေပုံကိုပင် “ လေခမြေသက် ဈာန်ဝိတတ်သို့ ” ဟု စပ်ဆိုသည် ။ ဥသြငှက်ကလေးတွေ တွန်သံကျူးတာကိုလည်း ဖွဲ့ဆိုသည် ။  ဒီလို နွေကို ရောက်ပြီဆိုလျှင်တော့ ကျွန်တော်ကတော့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို အမှတ်ရနေမိသည် ။

Sunday 11 March 2012

ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ်


ဘ၀မှာ စောင့်မျှော်ခြင်းဆိုတာ ရှိပါစေ မမမေ ။ အဲ့ဒီလိုပဲ ကွန်းထောက်နားခိုရာ သံသရာဘုံတကွေ့မှာ ပြန်လည်ဆုံတွေ့ခြင်းဆိုတာလည်း ရှိပါစေ မမမေ ။စွန့်ခွါထွက်သွားသော သူတစ်ယောက်အား တမ်းတလွမ်းဆွတ်စောင့်မျှော်နေရခြင်းသည် အဓိပ္ပါယ် မရှိသော လုပ်ရပ်လို့ ဘယ်သူတွေ ဘယ်လိုပင် ဆိုကြစမ်းပါစေ ၊ ကျွန်တော်ကတော့ ချစ်တဲ့ မမမေကို  ကျွန်တော့် အသက်ခန္ဓာမြဲသရွေ့  တမ်းတလွမ်းဆွတ်စောင့်မျှော်နေမှာပါ ။ အခုဆိုရင် နွေကိုတောင် ရောက်လာပြီ မမမေ ။ တစ်ချိန်က မမမေ သိပ်ချစ်ပါတယ် ဆိုတဲ့ နွေဦးလေ ။  ဟောဟို နွေကဗ္ဗလာ လေဟာနယ်ထဲမှာ ရွက်ဝါတွေကတော့ ဝေ့ဝေ့၀ဲဝဲ နဲ့ ရွက်ကြွေပွဲကို နွှဲနေကြပြီ မမမေ ။ ချစ်တဲ့ မမမေရဲ့ ရင်ထဲမှာလည်း ရွက်ဝါကိုခြွေပြီး ရွက်သစ်ကို ဝေစေတဲ့ ပင်အိုလို  နှောင်းမြည့်သွားလေတဲ့ အဖြစ်အပျက် အားလုံးကို  ကန့်လန်ကာ ချပြီး စိတ်သစ်လူသစ်နဲ့ မောင့်ရင်ခွင်ကို ပြန်လာမယ် ဆိုလျှင်ဖြင့်................။

Sunday 4 March 2012

ရိုက်ခတ်လာသော အတွေးစများ

နွဲ့နွဲ့နှောင်းနှောင်းနဲ့ သွားလာနေတဲ့ မိန်းမလျာတို့ ၊ နတ်ကတော်တို့ကိုမြင်တိုင်း ကျုပ်ကတော့ တစ်ချိန်က နေစိုးကို သတိရမိပါရဲ့ ။ အဲ့ဒီလိုပဲ နေစိုးအစ်ကို ကျုပ်ရဲ့ သူငယ်ချင်းကြီး ဘမိုးကိုလည်း မမေ့ခဲ့ပါဘူး ။ဖြစ်ပုံက ဒီလို ။


          ♥♥♥♥♥♥♥♥♥♥♥♥♥♥





ရွာထဲမှာ ဘမိုးဟေ့ ဆိုလိုက်တာနဲ့ နေရာတော်တော်များများမှာတော့ ပွဲပြီးမီးသေပဲ.။ သူကြီးနဲ့ ရွာဦးဆရာတော်က လွဲရင် ဘမိုးကြောက်တာ တစ်ယောက်မှ မရှိဘူး ၊ လူမိုက်လားဆိုတော့လည်း မိုက်တော့ မိုက်တယ် ၊ ဒါပေမယ့် အလကားနေရင်း သူများကို ပြဿနာ လိုက်ရှာတတ်တဲ့ အစားထဲလည်း မပါဘူး ၊ သူကောင်းနေချိန်တော့ ခေါင်းပေါ်တတ်နင်းသွားသွား ဆိုတဲ့ လူစားမျိုး ၊အဲ...မမူးရင်ပေါ့လေ ။ မူးလာရင်တော့ ဟဲဟဲ ..သိတယ်မို့လား .၊ ဘမိုးလေ.. ။

Thursday 12 January 2012

ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ

         

ပြာသိုလ်လဆန်းရောက်ကတည်းက တစ်ဖွဲ့လုံး ရင်ခုန်နေကြပြီ ၊ ရင်ခုန်ရမယ်လေ..၊ ပြာသိုလ် လပြည့်နေ့ဆိုတာက ကိုယ့်ဇာတိကျေးရွာရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ “ ဗုဒ္ဓပူဇနိယ ပွဲနဲ့သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ” ရှိတာကိုး....။ ဒီတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ဇာတိအစွဲကတော့ မပျောက်ဘူးပေါ့..။ 


ရွာကလူတွေကတော့ ဒီနှစ်ဘုရားပွဲ ဘယ်လိုလုပ်ကြမယ် မသိဘူး..၊ ဒီကလူတွေကတော့ အစီအစဉ်တွေ ဆွဲနေပြီ..၊ တစ်ယောက်ကို ပိုက်ဆံနည်းနည်းဆီစုပြီး ပြာသိုလ်လပြည့်နေ့မှာ ၀ိုင်းဝန်းချက်ပြုတ်ကာ
စက်ရုံက မြန်မာအလုပ်သမားတွေကို ကျွေးမယ် ၊ နေ့ခင်း အအေးတိုက်မယ် ၊ညကျရင် လက်ဖက်သုပ် ကျွေးမယ် ။ ဆိုပြီး  အစီအစဉ်တွေဆွဲပြီး ကိုယ့် ဆိုင်ရာဆိုင်ရာလေးတွေကို တာဝန်ယူထားကြတယ် ၊ဒီလိုနဲ့ လခြမ်းလေးက ကွေးလာတဲ့ အချိန်မှာတော့  ကျွန်တော့်ခေါင်း နွေရာသီ ဖြစ်စရာ အကြောင်းက ဖန်လာတယ် ၊တခြား ဟုတ်ပါရိုးလား ၊ မလေးရှားမှာပဲ တခြားစက်ရုံမှာ ရောက်နေတဲ့ အစ်ကိုဝမ်းကွဲက သူ့ဆီကလူတွေကို “ တို့ရွာမှာ ဒီပွဲက သိပ်စည်တာ ၊ နောက်ပြီး တို့ငယ်ငယ်ကဆို  ရွာကလူတွေ စုပြီး “အရပ်ဇာတ် ” ကကြတာ ”  ဘာညာ ဆိုပြီး ကြွားထားတာ ။