Saturday 13 October 2012

စာအုပ်များအား ခံစားခြင်း



`မောင့်ဘ၀ ညအလားကွယ် ´

မေတ္တာနှင်းဆွတ်ဖျန်းလို့
အေးချမ်းတဲ့ ပန်းဖူးငုံ
လန်းဝင့်မွှေးထုံ ။

မေတ္တာခြုံ
သစ္စာလုံပါတဲ့ နှစ်ဦးသား ။
ရှင်းခက်ပါသလေ
ငြင်းလျှက်ဗျာပွေအပူမိပြန်ပေါ့
မချိဟန်တမင်ထိန်းကာ
စိမ်းခဲ့တကား။




` သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ´


အရွယ်တော်သက်ငယ်ဘ၀က
စွယ်တော်ရွက် အလှလေးပါခိုင် ။

တစ်မျက်နှာနှစ်လွှာဖြစ်
တစ်သက်မှာနှစ်ခါမချစ်ချင်ဘူး
ကိုယ့်သစ္စာတိုင်။

ရင်ထဲက မေတ္တာဆိုင်
ဟစ်ကာပြိုင် ငိုချင်မိ ။

တကယ်မမုန်းပါဘူး
ဘယ်ထုံးဘယ်လိုစံနဲ့
ဘယ်လိုဟန်အမှန်ပြောရပါ့
သံယောဇဉ်နှောင်ပိုတည်းသူမို့
မောင်ငိုဆဲပါဒီတစ်ဘဝလုံးမှာဖြင့်
အပြုံးလွင့်ပြယ်နွေစခန်းမှာ
ခိုင်ရေ
လွမ်းစတွေပြည့်။

` ပိတောက်ပွင့်ဆဲ လသာဆဲဝယ် ´


ဝါရွှေရည်လဲ့အလင်းနဲ့
ရင်တွင်းထိသာခဲ့တယ်။

အိပ်မက်ဘုံ ပမာလေလား
ထင်မှားမှတ်ဖွယ် ။

မောင်မခေါ်နဲ့တော့ဝေရယ်
နောင်သံသရာကြော ရှည်မယ်တအား ။

မစိမ်းနိုင်သော်လည်း
ယိမ်းယိုင်စရာ ပွေအမှုရယ်ကြောင့်
ဖေယခုပင် လွမ်းအိပ်မက်ကို
ဖျက်ခဲ့တကား ။


လွမ်းနောင် ။ မောင်နိုင်လင်း ( ကောလင်း)


တစ်နေ့က ဆရာမောင်နိုင်လင်း ( ကောလင်း ) နဲ့  ဂရုချက်တစ်ခုမှာ ကဗျာအကြောင်းတွေပြောရင်း သူက ကိုလွမ်းရေ ဆရာဘုန်းဇာတ်လေးတွေ လက်တန်းကဗျာလေး စပ်ကြည့်ကြအောင်ဗျာ ဆိုရာကနေ ဆရာဘုန်း ၀တ္ထုသုံးအုပ်ကို ခံစားမိသလောက် လက်တန်းစပ်မိတာလေးတွေပါ ။ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့်  အမှတ်တရ ဖြစ်စရာမို့ ခံစားပေးကြပါဦးလို့ ။

1 comment:

  1. ကောင်းတယ်ဗျာ အဲသည်ကဗျာလေးတွေ။
    မှန်တာပေါ့ စာအုပ်ကိုဖတ်ရေး ကဗျာတစ်ပုဒ်ကိုဖတ်နေရင်း ရင်တွင်းက ယိုစိမ့်လာတဲ့ အခါမျိုးမှာ ထပ်ဆင့်ကဗျာကို ရေးချရတာ သိပ်ကို အရသာတွေ့တာဗျ။

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။