Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Wednesday, 26 June 2013

နွေ သင်္ကြနှ်နှင့် မြူခိုးဝေ့ဝေ့အလွမ်းများ


ချစ်သောနွေဦးသည် ကျောခိုင်းလုလုဖြင့် ကမ္ဘာမြေကို လွမ်းဖွယ်ဖန်နေသည်။ ဆရာဘုန်းနိုင်က ပြပွဲချိန် သီသီခိုးပြီး နွေဦးကို ရက်တိုးမြှင့်ရန် တောင်းပန်သကဲ့သို့ ကျွန်တော်သည်လည်း နွေဦးကို တောင်းပန်ချင်သည်။ သို့သော်ငြား ဤမျှအထိ  လောဘကြီးရန် မသင့်ဟု ကျွန်တော်ထင်သည်။ လောဘကြီးစေဦးတော့ ချစ်သောနွေဦးသည် ကျွန်တော့်အလိုကိုဖြည့်၍ ရပ်တန့်မည်လည်း မဟုတ်။ သူသည်ရာသီ ရထား ဖြစ်သည့်အလျောက် ဘူတာရုံမှ ဆက်လက်ထွက်ခွါပေမည်။ နွေဦး လွန်လုစ ဖြစ်သော်လည်း ပင်ယံဝယ် ပိတောက်တို့ မ၀င်းသေး။ နွေဦးနှင့် ပိတောက်သည် သဟဇာတ ဖြစ်ဟန်မတူ။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည့် နွေလယ်လောက်မှ ပိတောက်တို့ လဲ့ဝင်းသင်းရီတတ်သည်။`တစ်နှစ်တွင် ဒီတစ်လပေပ၊ တစ်လတွင် တစ်ရက်တည်းရယ်နဲ့´ ဟု ဦးကြော့က ဆိုသည်။ သို့သော် ယခုအခါတွင် ပိတောက်သည် ခါတစ်ရံ တစ်လတွင် နှစ်ရက်လောက် ပွင့်ချင် ပွင့်သည်။ လူအချို့ကတော့ ပိတောက်တွေ သစ္စာမရှိတော့ဟု ဆိုတတ်ကြသည်။ သို့သော်ငြား ထိုပိတောက်တို့ ပွင့်ပြီဆိုလျှင်ဖြင့် လုလင်ပျိုတို့က အမြတ်တနိုး အခက်ချိုး၍ ချစ်သူ ကေသာဦးမှာ ဆင်မြန်းပေးကြသည်။ လုံမပျိုတို့ကလည်း တစ်နှစ်တွင် တစ်ရက်ကလေး ပွင့်ရသည်ပန်းဟု  နှစ်သက်စွာ အမြတ်တနိုး ပန်ဆင်တတ်သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့ပါ။ မရှိခဲ့ခြင်း အကြောင်းကို ကျွန်တော်ဖွင့်ဆိုပါရစေဦး။

Monday, 26 November 2012

လရောင်မျှားသော နွေညများ

ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ် တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ အလင်းကြယ်တချို့ကား မဟီမြေပြင်ကို ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။ လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ  ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်

Saturday, 20 October 2012

စကားစမြည် စိုက်ခင်း


                                  (  ၁  )
ရာသီကား ဆောင်းခိုငှက်တို့  နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို  သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း 
မြေသို့နင်းကာ လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး  ထန်းပင်တို့ ကြီးစိုးသည့်  တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။ မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့် ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့ ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊ ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့ အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန် စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။ မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။ နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့် တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။

Tuesday, 13 March 2012

လွမ်းမိပါသေးတော့

မြတ်စွာဘုရားရှင်က ရတနသုတ်တော်တွင် “ ဂိမှာနမာသေ ပထမသ္မိံ ဂိမှေ ၊ တထူပမံ ဓမ္မ၀ရံ အဒေသယိ  ” ဟူ၍  လောကုတ္တရာ အကျိုးစီးပွါးကို ဖြစ်စေတတ်သော နိဗ္ဗာန်ကို နွေလေးလတို့၏ အစ  လှပသော တပေါင်းလတွင် ပွင့်သောအဖျားရှိသည့် တောအုပ်ကဲ့သို့ အသရေရှိသော ဟူ၍  ခိုင်းနှိုင်းတော်မူခဲ့သည် ။





သာသည့်တပေါင်းလ မိန်ရာသီ ။ စာဆိုတွေ တော်တော်များများကလည်း နွေတပေါင်းရဲ့ အလှကို အထူးထူး ဖွဲ့ဆိုကြသည် ။ ပင်အိုရဲ့ ရွက်ဝါကြွေပုံကိုပင် “ လေခမြေသက် ဈာန်ဝိတတ်သို့ ” ဟု စပ်ဆိုသည် ။ ဥသြငှက်ကလေးတွေ တွန်သံကျူးတာကိုလည်း ဖွဲ့ဆိုသည် ။  ဒီလို နွေကို ရောက်ပြီဆိုလျှင်တော့ ကျွန်တော်ကတော့ ငယ်စဉ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို အမှတ်ရနေမိသည် ။

Monday, 29 August 2011

မျှော်လင့်ချက် မြို့ငယ်လေး




 မျှော်လင့်စရာ မရှိတော့ပါ ။ သို့သော် ....မျှော်လင့်နေချင်ပါသေးသည် ။ လူတိုင်း လူတိုင်းရဲ့ ဘ၀မှာ မျှော်လင့်ခြင်းတွေကို ပိုက်ပြီး အသက်ဆက်နေရသည်ဟု ကျွန်တော်ထင်သည် ။ ကျွန်တော်လည်း မျှော်လင့်ခြင်းတွေ ပိုက်နေရသည် ။ ထို မျှော်လင့်ခြင်းတွေကို ကျွန်တော့်နှလုံးသွေး မရပ်သရွေ့
မျှော်လင့်နေမိမှာ အမှန်ပင် ။