Tuesday 18 September 2012

မီးတောက်သစ်ပင်

သွေးထွက်အောင် မှန်တဲ့ အိပ်မက်
 ငွေကျပ်လောက် အရာမရောက်တဲ့  အမှန်တရား
 ဖြစ်စဉ်တွေက တဖြည်းဖြည်း ခါး..ခါး..လာ ။


မပွင့်ခင်ကြွေ
 ဝေတော့လည်း  ပိုးကျ
 အဲ့ဒီညတွေက မှောင်လွန်း..
 ဘယ်တော့များမှ လင်းနိုင်မလဲ ။

တစ်ပင်လုံး
 ပြီးတော့.. တစ်တောလုံး
 သစ်ခက်တွေကြွေ
 လေပွေတွေ ကြမ်း
 သစ္စာဆိုတာ တငွေ့ငွေ့ကျွမ်းနေတဲ့ လွင်ပြင်လိုမျိုး ။

တပ်မက်ခြင်း... တပ်မက်ခြင်းတွေ...
 ဝေနေလိုက်ကြတာ
 တဖြည်းဖြည်းနဲ့  အသိတရားတွေကို အမှောင်ဖုံး
 တ၀ုန်းဝုန်း လောင်နေမှတော့
 ဒီအသိုက်နဲ့ ဒီငှက်
 မြေဇာမြက်ပမာ။

မောင်နိုင်လင်း(ကောလင်း) အမည်ပေးထားသော မီးတောက်သစ်ပင်အား ၀င်ရောက်ခံစားပါသည် ။

ဆန္ဒမွန်ဖြင်.. လွမ်းနောင်။


No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။