Sunday 28 August 2011

ကွေးသောလက် မဆန့်မီဝယ်


 ညကမှောင်လာပြီဆိုပေမယ့် နှစ်ပေမီးချောင်းလေးတွေ ထွန်းထားလို့ အလင်းတစ်ချို့ကတော့

ရှိနေသေးသည်။မီးရောင်အောက်မှာ ဟိုတစ်စု ဒီတစ်စု ထိုင်နေကြာသော သူတွေကတော့ ဒီအကြောင်းကို ပြောမဆုံးသေး။တစ်ချို့ကလည်း “တောက်” တစ်ခေါက်ခေါက်။

တစ်ချို့ကလည်း ယူကျုံးမရဟန်။ချောင်ခပ်ကျကျမှာ ၀ိုင်းဖွဲ့ထိုင်နေတဲ့ ဖဲသမားအုပ်စုကတော့

ယခုချိန်မှာ ဒီအကြောင်းကို သူတို့လက်ထဲက ဖဲတစ်ချက်လောက် စိတ်ဝင်စားတော့မည် မထင်။ပြီးဆုံးသွားပြီ ဆိုပေမယ့် ဂယက်လေးကတော့ ကျန်ခဲ့မြဲပဲလေ။


(၁)


ှတွံတေးသိန်းတန်နဲ့ မေဆွိ တို့ရဲ့ “ဆွေပြမျိုးပြ သွားကြမယ်” သီချင်းသံက လေလှိုင်းအကူ

အညီနဲ့ ရွာထဲကို ပျံ့နှံ့နေတယ်။သတို့သား သတို့သမီး နှစ်ယောက်လုံးရဲ့ မျက်နှာမှာ

အပြုံးတွေဝေလို့။ဧည့်ခံပွဲကို လာကြတဲ့ ပရိတ်သက်လည်း “ဟီး” ထနေတာပဲ။ရွာခံလူတွေ

ကတော့ ဧည့်သည်များကို ဧည့်ဝတ်ကျေဖို့အတွက် ပြေးဟယ် လွှားဟယ် ဖြစ်နေသည်။

သတို့သားနာမည်ကရဲလင်းတဲ့။အရပ်က မနိမ့်မမြင့်။နေလောင်ထားလို့ အသားရောင်ကတော့

အတော်ညိုနေပြီ။တောမှာ ကြီးပြင်းလာသူမို့ ရုပ်က ကြမ်းပေမယ့် ခန့်ခန့်ညားညားတော့
ရှိတယ်။လူကလား။ လူကတော့ လူဖြောင့်စိတ်တိုလို့ ဆိုရမည့်အထဲမှာပါတယ်။

အဲ .......ဒါပေမယ့် ရဲလင်းတို့က ဘယ်သူကိုမှတော့ ရန်မစတတ်ပါဘူး။

ရပ်ရေးရွာရေးလား။လာခဲ့။ရဲလင်းတို့က ထိပ်ဆုံးကပဲ။သာရေး နာရေးမှာလည်း

ရဲလင်းတို့က ရောက်ပြီးသားပဲ။ကာလသားခေါင်းဆောင် ကိုလှဦးရဲ့ လက်စွဲလို့တောင်

ပြောလို့ရတယ်။ရွာထဲမှာ တစ်ခုခုဆိုရင် ကိုလှဦးနဲ့ သူ့ကို ခေါ်ပြီး ခိုင်းတယ်။ တိုင်ပင်ဆွေးနွေးတယ်။ ခု သူ့မင်္ဂလာဆောင် ဆိုတော့ စည်တာ သိပ်တော့မဆန်းပါဘူး။

သတို့သမီးလား ။ သတို့သမီးနာမည်က မြနှင်းဦးတဲ့ ။ သိပ်လှတာ။ ဆံပင်ကဆိုအရှည်ကြီးပဲ ။ မျက်တောင်ကလည်း အဖျားကော့ပြီး ရှည်နေတာ။ဟိုသီချင်းထဲကလိုပြောရရင် “ရှေးဘုရင်တွေများ အထင်အရှား ရှိရင် သဲဖြူငွေ ရာဇမတ်တွေနဲ့ သတ်မှတ်ကာရယ် “တော်” ကောက်လိမ့်မယ် ထင်ပါတယ်” လို့ ပြောရမယ့်ပုံ။ယဉ်လည်းယဉ်တယ်။မွေးချင်းသုံးယောက်ရှိတယ်။

သူကအကြီးဆုံး။သူ့အောက်က ညီအစ်မနှစ်ယောက်မှာ တစ်ယောက်ကတော့ ကျောင်းတတ်

နေတယ်။တက္ကသိုလ်ရောက်ပြီဆိုလားပဲ။ ကျန်တစ်ယောက်ကတော့ အိမ်မှာပဲ ၀ိုင်းလုပ်ဝိုင်းစားပေါ့။သူ့အဖေကြီးကတော့ တစ်ခါတစ်ရံ အမြဲတမ်းလိုလို ဆိုသလို မူးနေတာက များတယ်။ ငယ်ငယ်တုန်းကတော့ မြနှင်းဦးက အတော် ချူချာတယ်။ ဗေဒင်မေး နတ်ကတော်မေးလုပ်တော့ သိုက်ကလာတာလိုလို ဘာလိုလိုနဲ့လည်း ပြောကြတယ်။သဲ့သဲ့ ကြားမိတာကတော့ သိုက်ကြိုးတွေ ဘာတွေတောင် ဖြတ်ထားရတယ်ဆိုလားပဲ။သူတို့နှစ်ယောက်က ငယ်ချစ်တွေတော့ မဟုတ်ဘူး။

ရဲလင်းက အရင်က ရည်ရွယ်ထားတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။ မြနှင်းဦးတို့နဲ့

အိမ်နားနီးတယ်။လွင်မာတဲ့။လွင်မာ့ မှာ အဖေမရှိတော့ဘူး ။သူ့အမေနဲ့နေတယ်။

လွင်မာနဲ့ ရဲလင်းလား။ရဲလင်းကသာ ရည်ရွယ်ထားတာပါ လွင်မာကတော့ ရဲလင်းကို “ကြောင်လျှာပင် ထိပ်ဖူး စိတ်ကူးတောင် မယဉ်ဘူးဆိုတဲ့ ပုံမျိုး။ပီးခဲ့တဲ့နှစ်က လွင်မာ မင်္ဂလာဆောင်ပြီးတော့ မကြာဘူး။သူ့အမေကြီးက စိတ် ဂယောင်

ချောက်ချားဖြစ်ပြီး ရူးသလိုလို ဘာလိုလို ဖြစ်သွားတယ်။လူကတော့ ဒေါင်ဒေါင်မြည်ပေမယ့်

ပါးစပ်ကတော့ တစ်နေကုန် တရစပ် ပြောနေတော့တာ။ဘာရယ်လည်းမဟုတ်ပါဘူး။

သူ့စိတ်ထဲပေါ်လာတာ ပြောတာပါပဲ။ခုနောက်ပိုင်း ရွာထဲက ကလေးတွေကတော့ သူ့ကို စုန်းမကြီး လို့ပြောနေကြတယ်။ကလေးတွေပြောလည်း ပြောချင်စရာပါ ။အဖြူတစ်ဝက်ရောနေပြီဖြစ်တဲ့

ဆံပင်ကို အမြဲ ဖားလျားချထားပြီး လမ်းလျှောက်တဲ့ အခါ တောင်ဝှေးလေးကလည်း ပါလာတော့ မသိတဲ့သူအဖို့တော့ ဇာတ်ကားတွေထဲက စုန်းမကြီးလိုလိုပါပဲ။

အဲ ။တိုက်ဆိုင်တာပဲလား တမင်လားတော့မသိဘူး။ လွင်မာ့ မင်္ဂလာဆောင်တဲ့နေ့ ညနေပိုင်းမှာ ရဲလင်းရဲ့အစ်ကိုဝမ်းကွဲတော်တဲ့ ကိုမြင့်နောင်က မူးပြီး လွင်မာ့အမျိုးသားကို ဓားကြိမ်းကြိမ်းဖူးတယ်။ သူပြောတာကတော့ လွင်မာ့အမျိုးသားက သူ့ဆီကယူသွားတဲ့

ပဲ အကြွေးကို နေ့ရွှေ့ ညရွှေ့လုပ်ပြီး ခုထိ မပေးလို့တဲ့။အဲ့ဒီနေ့ကဆို လွင်မာတစ်ယောက် ရှက်လို့တဲ့။

ငိုလိုက်တာ မြင်ရသူတွေတောင် သနားမိတယ်။ လွင်မာ့အမေကြဲီးဆို ဒေါသထွက်လွန်းလို့

ဆက်ဆက်ကိုတုန်ရောပဲ။
“အေး နင်တို့ မိသားစုတွေလည်း ခုလို မင်္ဂလာရက်မှာ အရှက် တကွဲဖြစ်ပါစေ။ ရှင်ကွဲမကွဲ သေကွဲ ကွဲပါစေ” ဆိုပြီး ကျိန်စာတိုက်တယ်
ရဲလင်းလား ။ရဲလင်းကတော့ ဘာမှမခံစားရသလိုပဲ။

လွင်မာတို့မင်္ဂလာဆောင်ကို အစအဆုံး အပြုံးမပျက် ကူလုပ်ပေးခဲ့တာ။မူးနေတဲ့ သူ့အစ်က

ကိုမြင့်နောင်ကိုတောင် သူပဲဆွဲထုတ်သွားတာ။ဒါပေမယ့် တစ်ချို့ကတော့ ရဲလင်းကခိုင်းလို့

ကိုမြင့်နောင်က ကြိမ်းတယ်လို့ ပြောလားပြောရဲ့။နောက်တော့လည်းပြီးသွားတာပါပဲ။
“ဟဲ့ ငါ့အလုပ် ငါလုပ်တယ်။ဘယ်သူ့မှ မနှောက်ယှက်ဘူး ၊လောကပါလ နတ်မင်းကြီး

ဆင်းတားတောင် ငါသွားမှာပဲ၊ ဖယ်စမ်း”

စူးစူးဝါးဝါးအသံကြောင့် မင်္ဂလာဆောင်လာတဲ့ ဧည့်သည်တွေ “ဘာဖြစ်တာလဲ” ဆိုသော

ပုံစံဖြင့် အသံထွက်ပေါ်လာရာကို လှမ်းကြည့်နေကြတယ်။လားလား။ဘယ်သူမှတ်တယ်။

လွင်မာ့အမေဗျာ။ တောင်ဝှေးကြီး တစ်ဒေါက်ဒေါက်နဲ့ ပါးစပ်ကလည်း ဘာတွေပြောလာမှန်း

မသိဘူး ။ မင်္ဂလာဆောင်လာတဲ့ ပရိတ်သက်တွေကြား တိုးဝင်လာတယ်။

“ဟင်”

သတို့သမီး မြနှင်းဦး ရဲ့မျက်နှာ သိသိသာသာ ရှုံ့မဲ့သွားတယ်။ရဲလင်းလည်း ခေတ္တတော့

ကြောင်သွားပုံရတယ်။ အတန်ကြာမှ .

“ဟာ....ဘွားမြ လာလာ ဒီမှာ ဧည့်သည်တွေများနေလို့ ခဏနေမှ လာကန်တော့မယ်ဆိုပြီး

ကြာနေတာ”

ရဲလင်းက ပြောပြောဆိုဆို လွင်မာ့ အမေကို လက်တစ်ဖက်ကနေ ဆွဲခေါ်လိုက်တယ်။

အဘွားကြီး ပါးစပ်ပိတ်သွားတယ်။ယောင်ချာချာနဲ့ ရဲလင်းခေါ်ရာနောက် ပါသွားတယ်။

“လာ.....မြနှင်းဦး အဘွားကို ကန်တော့ရအောင်”

ရဲလင်းရဲ့ အခေါ်စကားကို မြနှင်းဦးက “အင်း ” မလုပ်၊ “အဲ”မလှုပ်။ အတော်လေး ကြာတော့မှ မလာချင့်
လာချင် ပုံစံမျိုးနဲ့ လာရှာတယ်။
“ဟဲ့ သတို့သမီးက ဘယ်လိုဖြစ်လို့ မျက်နှာမဲနေတာလဲ ၊ကြည်ကြည်လင်လင် ပြုံးပြုံးရွှင်ရွှင်နေမှပေါ့”
အဘွားကြီးက သူ့သမီးများ ထင်နေလား မသိဘူး။မြနှင်းဦးကို ဆုံးမနေလေရဲ့။
လူကြားထဲလည်း ဖြစ်ပြန် လိမ္မာယဉ်ကျေးတဲ့ စိတ်ရင်းလေးကလည်း ရှိပြန် ဆိုတော့  တစ်ခဏအတွင်းမှာပဲ
မြနှင်းဦးရဲ့ မျက်နှာလေးဟာ ကြည်ကြည်လင်လင်ပြန်ဖြစ်လာတယ်။
ရဲလင်းနဲ့အတူ အဘွားကြီးကို ရိုရိုသေသေပဲ ကန်တော့ရှာပါတယ်။
“ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေကွယ်၊သက်ဆုံးတိုင် တစ်ယောက်နဲ့တစ်ယောက်
အပြစ်မမြင်ပဲ ချစ်ချစ်ခင်ခင်နဲ့ သားတွေ သမီးတွေ မြေးတွေ ရတဲ့အထိ  ပျော်ပျော်ရွှင်ရွှင် နေရပါစေကွယ်”
ဟုတ်တော့ ဟုတ်နေတာပဲ။အဘွားကြီးက ဆုတွေဘာတွေတောင် တသီကြီးပေးလို့။ အားလုံးကတောင် အံ့သြယူရတယ်။ဟုတ်တယ်လေ။ဒီ အဘွားကြီး ဒီလို စကားကောင်းမပြောတာ နှစ်တောင်ပြည့်ပြီးပေါ့။
ခုကျမှ  ဘယ်လိုဖြစ်တယ်မသိဘူး။လေပေးကိုဖြောင့်လို့။ ညနေပိုင်း မင်္ဂလာပွဲ ပြီးသွားတော့လည်း
ဒါတွေကို အားလုံးက အမှတ်တမဲ့ပဲ သဘောထားလိုက်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီ အမှတ်တမဲ့က
နောက်တစ်နေ့ နေ့လည်ခင်းမှာ အမှတ်တရ ဖြစ်လာခဲ့တယ်လေ။
ဖြစ်ပုံက နောက်တစ်နေ့မနက် မြနှင်းဦး တစ်ယောက် ခါတိုင်းလိုပဲ ယာထဲသွားတယ်။
ဆယ်နာရီ သာသာ လောက်ကျတော့ ရွာထဲမှာ သတင်းတစ်ခု ပျံ့လာတယ်။
မြနှင်းဦး ဆုံးပြီတဲ့။
သတင်းက မှန်တယ်။မြန်တယ်။တောမီး လောင်တာ မြန်တယ်ဆိုတာ ဘာဟုတ်တာမှတ်လို့။
ခုဟာက တော်တော်ကိုမြန်တာ။ကြားရတဲ့ သူတွေကတော့ စုတ်တသက်သက်။မနေ့ကမှ မင်္ဂလာဆောင်တာ။
ဒီနေ့သေတယ်ဆိုတော့ “ဘယ်လိုဖြစ်တာလဲ” ဆိုတဲ့ အမေးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် လှည့်မေးနေကြတယ်။ဘာဒဏ်ရာမှလည်း မတွေ့တော့ အားလုံးကတော့ စဉ်းစားရခက်နေတယ်။
တစ်ချို့အစွဲအလန်းကြီးသူတွေကတော့ ဥစ္စာစောင့် မို့ သိုက်က ပြန်ခေါ်သွားတယ်။ငယ်ငယ်တုန်းက သိုက်ကြိုးဖြတ်တာ မအောင်လို့ လို့ပြောလားပြောရဲ့။
တစ်ချို့ကလည်း ဘွားမြကြီးက စုန်းတတ်လို့ လွင်မာ့ မင်္ဂလာဆောင်တုန်းက မကျေနပ်ချက်တွေကို ခု လက်စားပြန်ချေတာလို့ ပြောလားပြောရဲ့။ဘယ်သူတွေ ဘာပဲ ပြောပြောပါ။ မြနှင်းဦးကတော့
သေသွားခဲ့ပါပြီ။ရွာအပြင်မှာ သေတဲ့အလောင်းဆိုတော့ ရွာရဲ့ထုံးစံအတိုင်း ရွာထဲကို ယူလို့မရဘူး။
သေသွားပေမယ့် မြနှင်းဦး အလှက ပျက်မသွားသေးဘူး။ရဲလင်းကတော့ မြနှင်းဦး အလောင်းကို ပြူးကြောင်ကြောင်ကြီး စိုက်ကြည့်နေတယ်။ငိုလည်းမငိုဘူး။မျက်နှာတစ်ခုလုံးကတော့ ရဲနေတယ်။
မြနှင်းဦး အလောင်း မြေချတဲ့နေ့ကျတော့ လူတွေတော်တော်စည်တယ်။ မင်္ဂလာဆောင်တည်းက မပြန်သေးတဲ့
ရပ်ဝေးဧည့်သည် တစ်ချို့လည်းပါတယ်လေ။ဒီထဲက သေတာက ထူးထူးဆန်းဆန်းဆိုတော့ လူတွေ ၀ိုင်းကြည့်တာပေါ့။ ဟိုနားက အုပ်စုကလည်း ပွစိ ပွစိ။ဒီနားက အုပ်စုကလည်း ပွစိ ပွစိနဲ့ ဒီအကြောင်းကိုပဲ
ပြောနေကြတာ။ဘုန်ကြီးတရားနာပြီးတော့ အလောင်းမြေချဖို့ လုပ်ကြတယ်။
ရှိုက်သံ တစ်ချို့ ဟိုနေရာ ဒီနေရာကနေ လွင့်စင်ထွက်လာတယ်။
အဲ့ဒီအချိန်မှာပဲ
“တောက်”
ခပ်ပြင်းပြင်း ခက်လိုက်တဲ့ တောက်ခေါက်သံ လာရာမှာတော့ ရဲလင်းတစ်ယောက် အံတင်းတင်းကြိတ်နေတယ်။
 အတန်ကြာမှ လက်သီးကိုတင်းတင်း ဆုတ်ရင်း မချိတင်ကဲ အသံကြီးနဲ့ အ၀တ်ဖြူ ဖုံးထားသော မြနှင်း အလောင်းကိုကြည့်ရင်း
“တောက်ကွာ ၊ဘယ်လိုဖြစ်ရတာလဲ မြနှင်းရာ ။ ကျန်းကျန်းမာမာကြီးကနေ ဒီလိုဖြစ်ရတယ်လို့။
ကျုပ်မိန်းမ ဘယ်လိုဖြစ်ရတာလဲဗျာ။။။။။။။”

အသံသြသြကြီးနဲ့ အော်ရင်း ငိုလိုက်တဲ့ လက်လက်ဆက်ဆက် မုဆိုးဖို ရဲလင်းရဲ့ ငိုသံကြောင့် ကြားရသူတွေမှာ
မှာ မထိန်းနိုင်ကြတော့ပဲ  သုသာန်တစ်ခုလုံးမှာ ငိုသံတွေ ပွက်လောရိုက်သွားတော့တယ်။
ဘာမှ သွေးမတော် သားမစပ်တဲ့သူတွေတောင် ရင်ဆို့ကုန်ကြတယ်။
...............................
 
 ညကမှောင်လာပြီဆိုပေမယ့် နှစ်ပေမီးချောင်းလေးတွေ ထွန်းထားလို့ အလင်းတစ်ချို့ကတော့

ရှိနေသေးသည်။မီးရောင်အောက်မှာ ဟိုတစ်စု ဒီတစ်စု ထိုင်နေကြာသော သူတွေကတော့ ဒီအကြောင်းကို ပြောမဆုံးသေး။တစ်ချို့ကလည်း “တောက်” တစ်ခေါက်ခေါက်။

တစ်ချို့ကလည်း ယူကျုံးမရဟန်။ချောင်ခပ်ကျကျမှာ ၀ိုင်းဖွဲ့ထိုင်နေတဲ့ ဖဲသမားအုပ်စုကတော့

ယခုချိန်မှာ ဒီအကြောင်းကို သူတို့လက်ထဲက ဖဲတစ်ချက်လောက် စိတ်ဝင်စားတော့မည် မထင်။ပြီးဆုံးသွားပြီ ဆိုပေမယ့် ဂယက်လေးကတော့ ကျန်ခဲ့မြဲပဲလေ။

ဆန္ဒမွန်ဖြင့်...........။လွမ်းနောင်။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။