Thursday, 12 January 2012
ထမီ ကျွတ်ခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ
ပြာသိုလ်လဆန်းရောက်ကတည်းက တစ်ဖွဲ့လုံး ရင်ခုန်နေကြပြီ ၊ ရင်ခုန်ရမယ်လေ..၊ ပြာသိုလ် လပြည့်နေ့ဆိုတာက ကိုယ့်ဇာတိကျေးရွာရဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ “ ဗုဒ္ဓပူဇနိယ ပွဲနဲ့သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ” ရှိတာကိုး....။ ဒီတော့ ဘယ်နေရာရောက်ရောက် ကိုယ့်ဇာတိအစွဲကတော့ မပျောက်ဘူးပေါ့..။ 
ရွာကလူတွေကတော့ ဒီနှစ်ဘုရားပွဲ ဘယ်လိုလုပ်ကြမယ် မသိဘူး..၊ ဒီကလူတွေကတော့ အစီအစဉ်တွေ ဆွဲနေပြီ..၊ တစ်ယောက်ကို ပိုက်ဆံနည်းနည်းဆီစုပြီး ပြာသိုလ်လပြည့်နေ့မှာ ၀ိုင်းဝန်းချက်ပြုတ်ကာ
စက်ရုံက မြန်မာအလုပ်သမားတွေကို ကျွေးမယ် ၊ နေ့ခင်း အအေးတိုက်မယ် ၊ညကျရင် လက်ဖက်သုပ် ကျွေးမယ် ။ ဆိုပြီး  အစီအစဉ်တွေဆွဲပြီး ကိုယ့် ဆိုင်ရာဆိုင်ရာလေးတွေကို တာဝန်ယူထားကြတယ် ၊ဒီလိုနဲ့ လခြမ်းလေးက ကွေးလာတဲ့ အချိန်မှာတော့  ကျွန်တော့်ခေါင်း နွေရာသီ ဖြစ်စရာ အကြောင်းက ဖန်လာတယ် ၊တခြား ဟုတ်ပါရိုးလား ၊ မလေးရှားမှာပဲ တခြားစက်ရုံမှာ ရောက်နေတဲ့ အစ်ကိုဝမ်းကွဲက သူ့ဆီကလူတွေကို “ တို့ရွာမှာ ဒီပွဲက သိပ်စည်တာ ၊ နောက်ပြီး တို့ငယ်ငယ်ကဆို  ရွာကလူတွေ စုပြီး “အရပ်ဇာတ် ” ကကြတာ ”  ဘာညာ ဆိုပြီး ကြွားထားတာ ။
Friday, 9 December 2011
ဒိုင်နှင့် အနီကဒ်များ
“တောက် ဒါ တမင်ညစ်တာကွာ အ၀ါကဒ်လောက်ပဲ ပေးရမယ့်ဟာ ၊ ဒိုင် တမင်ညစ်တာကွ ”
မကျေမနပ်နှင့် ပွင့်အံထွက်လာသော စိုးမောင်ရဲ့ စကားသံကြောင့် တစ်ဝိုင်းလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်..။
ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေကလည်း ပွစိပွစိနဲ့ အသံတွေ ထွက်လာသည်.။. .။ စကားအားလုံးရဲ့ လားရာဇစ်မြစ်ကတော့ “ ဒိုင်ညစ်တယ် ” ဆိုသော စကားကိုသာ......။
ဘောလုံးပွဲသာ ပြီးသွားတယ်  စကားသံလေးတွေကတော့ အတောမသတ်နိုင်သေး.။ အထူးသဖြင့် ကျွန်တော်တို့ဝိုင်း....။
“ ပြိုင်ပွဲ တစ်ခုမှာ ဒိုင်ဆိုတာ အလွန်အရေးကြီးတယ်ကွ.၊ သူ့ရဲ့ ဆုံးဖြတ်ချက် နည်းနည်းလေး လွဲချော်တိမ်းစောင်းတာနဲ့ ပြိုင်ပွဲဝင်တဲ့သူတွေအဖို့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး ဖြစ်ပေါ်စေနိုင်တယ်.”
စိုးမောင်ရဲ့အဆိုကို အောင်ကျော်က
“ ဒါတော့ ဟုတ်တယ်ဟေ့..အထူးသဖြင့် ဒိုင်ဆိုတာ တရားသူကြီးနဲ့ ပမာတူတယ်..၊ စောစောက ဘောလုံးပွဲကိုပဲ
ကြည့်လေ ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ့ဆုံးဖြတ်ချက်က ပဓာန ဖြစ်နေတော့ ဘယ်သူမှ ဘာမှပြောလို့
မရတော့ဘူး”
အောင်ကျော်ရဲ့ စကားအဆုံးမှာ ကိုထွန်းညွန့်က ကျွန်တော့်ဘက် လှည့်၍
“ မိုးကြီး ငြိမ်လှချည်လား ”
Friday, 18 November 2011
တန်ဆောင်ညရဲ့ မောဧကရီ ( အပိုင်း ၂ )
                                                                      ( ၂ )
                                         “ ဘ၀ငွေကြယ်စင် ”
ခွန်နောင်တို့ မောင်နှမသုံးယောက်နှင့် ကျွန်တော် ၊ မမနွယ်တို့မှာ တန်ဆောင်တိုင် ပွဲတော် တစ်လျှောက်လုံးပင် အတူတူလည်ဖြစ်ကြသည်..။ ထိုအတော အတွင်းတွင် မမနွယ်နှင့် ကျွန်တော်မှာလည်း
ရင်းရင်းနှီးနှီး ဖြစ်သွားသည်..။ သူတို့အတွက်တော့ ဘယ်လိုနေလဲမသိ..။ ကျွန်တော့်အတွက်မူ ထိုရက်များသည်. အပျော်ဆုံးရက်တွေ ဖြစ်ခဲ့သည်..။ တန်ဆောင်တိုင် ပွဲပြီူးသော်လည်း ကျွန်တော့်မှာ မပြန်နိုင်ပဲ ဖြစ်နေသည်.။ ခွန်နောင်တို့ကတော့  “ ပျော်သလောက်သာ နေ ” ဟု ပြောရှာသည်..။
ကောင်းကင်သရုပ်
ကလေးကစားသလိုကနေ စခဲ့ပေမယ့်
အသွေးအသားထဲကနေ တည်ဖြစ်
ငါတို့ရဲ့ ဒီအချစ်တွေက မင်းထင်ထားတာထက်
ပိုတယ်....သူငယ်ချင်း....။
ဗရုတ်ဗရက်နဲ့
လုပ်ဇာတ်တွေခင်း
အရှုတ်ဇာတ်တွေ သွင်းလို့
မဟုတ်မဟတ် အဖျင်းတွေကို
ပုတ်ခတ်ကာ မင်းအတင်းဆိုလည်း
ငါတိုတွေကတော့
ဟောဒီကောင်းကင်အောက်ကနေ
နှုတ်ထွက်ကာ အချင်းချင်းရန်လိုတာတွေ
ဖြစ်လာမှာ မဟုတ်ဘူး သူငယ်ချင်း..။
အပလီအတင်းများနဲ့
မသတီစရာ မင်းစကားတွေက
အချင်းများစရာ ဆိုပေမယ့်
လိုနေတဲ့ ကွက်လပ်ကိုဖြည့်တတ်တဲ့
တို့တွေအတွက်တော့
မင်းအပြောတွေက
မင်းမောတာပဲ အဖက်တင်လိမ့်မယ် သူငယ်ချင်း..။
ဒီမှာ သူငယ်ချင်း.....
မင်းအမြင်မှာ ငါတို့ပေါချင်ပေါနေမယ်
မင်းအမြင်မှာ ငါတို့ကလေးဆန်ချင်ဆန်မယ်
ဒါပေမယ့် မင်းသိဖို့ပြောချင်တယ်..။
ငါတို့တွေရဲ့ အကြောင်းကို ဂုဏ်မဖွဲ့ချင်ပါဘူး
ကြုံခဲ့လိုဝင်လာသူတွေ သိမှာပါ..။
ငါတို့တွေဟာ ဟန်ပန်တွေမရှိ
ဒေါသမာန်တွေမရှိ
အသိသတိတွေထဲမှာ
ရှိ.ရှိနေမြဲအရာက
စာနာခြင်းသဘောတရား
စည်းလုံးခြင်းအင်အား
ညီညွတ်ခြင်း အသိတရားတွေ
ဦးခိုက်နေတဲ့ ဟောဒီကောင်းကင်ထဲမှာ
မင်းအနေနဲ့
ဒေါသတအားကြီးပြီး
သွားဖြီးပြမနေနဲ့
ငါတို့က
ဆန္ဒမွန်ဖြင့်.........လွမ်းနောင်.။
Thursday, 10 November 2011
တန်ဆောင်ညရဲ့ မောဧကရီ ( အပိုင်း ၁ )
ရောက်လာပြန်ပါပြီ....။ ဒီရာသီနဲ့ ဒီအချိန်.....။ ရှောင်လွှဲလို့မရတော့လည်း ခက်သည်..။ အတိတ်တစ္ဆေကကျွန်တော့်ကို ချောက်လှန့်နေဆဲ........။ မေ့ပျောက်သင့်ပြီ ဖြစ်ပေမယ့် ဒီအချိန်ရောက်ရင် စိတ်တို့က ကဆုန်စိုင်းသည့် မြင်းရိုင်းနှယ်...။ ချုပ်ထိန်းလို့မရ .။ အကွပ်မဲ့ကြမ်းပမာ .၊ ပရမ်းပတာ ဆန်လွန်းသည်....။ကျွန်တော့်ကိုယ် ကျွန်တော် ရင့်ကျက်ပြီ ဟု ထင်သမျှ ဒီအချိန်ကျရင်တော့ သဲထဲရေသွန် အထင်တို့ မှောက်မှားကုန်၏ .....။ တန်ဆောင်မုန်း.....၊ တန်ဆောင်တိုင်.....။ရွှန်းဖိတ်လွန်းတဲ့ လမင်း ၊ ငွေနှင်းကတော့
မှုန်မှုန်ကျနေသည်..။ ဟိုတုန်းက..........အင်း.......ဟိုစဉ်တုန်းက...ဒီအချိန် ဒီရာသီပင်ဖြစ်သည်........။
.xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Saturday, 5 November 2011
အထီးကျန် ပန်းတစ်ပွင့်ရဲ့ ရင်တွင်းသံစဉ်
ရှင့်ကိုကျွန်မ  ၊ သိပ်ချစ်လှလည်း
ဘ၀ခြားနား ၊ မိန်းမသားမို့
ပန်ကြားနှုတ်လွှာ ၊ မဖွင့်သာဘူး
ရင်နာနေလျှက် ၊ကွယ်ဝှက်မျိုသိပ်
အချစ်စိတ်ကို ၊ တိုးတိတ်ရင်မှာ
သိမ်းထားပါသည်.၊ မြင်ပါလှည့်ဦး.....
.......သခင်.....။
သူက ကိုယ့်ကို ၊ချစ်ရေးဆို၍
ခွန်းချိုနှုတ်စ ၊တူပျော်ရအောင်
ဘ၀တိုက်ပွဲ ၊ အတူနွှဲအောင်
လက်တွဲကာသာ ၊ခေါ်ဆောင်ပါလည်း
မကြင်နာသူ ၊မချစ်သူ မို့
သူရည်မျှော်မှန်း ၊အချစ်နန်းကို
စံမြန်းလိုဘူး ၊ရူးတယ်ဆိုဆို
ကိုယ်မလိုမို့ ၊ခေါင်းကို တွင်တွင်
ယမ်းမိသည်..။
ကွယ်.............
တို့မိန်းမသားဘ၀ ၊ခက်လွန်းလှချည့်
ကိုယ်ကယိမ်းချင် ၊သူမငင်ခဲ့
ငင်သူကို ကျ ၊ကိုယ်ကမယိမ်း
စိမ်း၍ မကြင် ၊မချစ်ခင်မို့
ရင်နာနေလျှက်..၊ကမ်းလက်ကိုခွါ
ပင်ယံမှာပင် ၊ပွင့်လွှာအတိုင်းသာ
ပျော်တော့မည်.....။
                                             ဆန္ဒမွန်ဖြင့်.....လွမ်းနောင်..။
အပြင်စီး မဂ္ဂဇင်း ( နိုဝင်ဘာ- ၂၀၁၁ )
Wednesday, 2 November 2011
သစ္စာတရား
ကျုပ်ရဲ့ ပတ်ဝန်းကျင်မှာ မြွေပွေးတို့ ၊အနာကြီးရောဂါတို့ ၊ ဒါမှမဟုတ် တယောသံနွဲ့နွဲ့လေးတို့
တွေ့ရ ကြားရတိုင်း ..ကျုပ်ကတော့ တစ်ချိန်က ကျုပ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ငတင့်ကြီးကို
ပြေးမြင်နေမိတော့တာပါပဲ….။ကြာတော့လည်း ကြာခဲ့ပါပြီ…၊ ဒါပေမယ့် အဖြစ်အပျက်တွေက
ပြန်စဉ်းစားလိုက်တိုင်း ကွက်ကွက်ကွင်းကွင်း ရှင်းလင်း ပြက်သားနေဆဲပါပဲ……။။
ဒုတိယအကြိမ် မွေးဖွားခြင်း
“ ၀ုန်း ”
“ မလုပ်ဘူး..မလုပ်နိုင်ဘူး...ငါဘယ်တော့ ဒီလိုလုပ်မှာမဟုတ်ဘူး ”
ကျုပ်ရဲ့ ရင်ကို “ ၀ုန်း” ကနဲ လာမှန်တဲ့ အသံနဲ့အတူ နောက်က ကပ်ပါလာတဲ့ အသံတွေကိုပါ ကြားလိုက်ရတာမို့ ကျုပ် လန့်ပြီး နိုးသွားတယ် ။ အဲ.....နိုးတယ်.........။ ဒီစကား တယ်တော့ မမှန်လှဘူး...။ဘာလို့လဲဆိုတော့
ကျုပ်က အိပ်မှ မအိပ်တာ ဘယ်လိုလုပ် နိုးတယ် ဆိုတာ ရှိမှာလဲ....၊ဒီတော့ ကျုပ် သတိဝင်လာတယ်ပဲ ဆိုပါတော့.။
ကျုပ် ကမန်းကတန်း ကြည့်လိုက်တော့...ကျုပ်ကို သိပ်ချစ်တဲ့သူနှစ်ယောက် ..။ တစ်ယောက်ကတော့ ဒေါသတွေ
ထွက်နေတဲ့ မျက်နှာနဲ့ .မျက်ဝန်းမှာလည်း မျက်ရည်စတွေကို တွေ့နေရတယ် ၊ ကျန်တစ်ယောက်ကတော့
မျက်နှာက မှုန်မှုန်မှိုင်းမှိုင်း ။တူညီတဲ့ အချက်ကတော့ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာမှာ ကြေကွဲဆို့နင့်နေတဲ့
အရိပ်တွေ ဖြာထွက်နေတာပါပဲ.....။
Tuesday, 20 September 2011
က၀ိဆရာသို့
ကြည်သာလို့အပြုံးအေး
ပြည်မြန်မာတို့ နှလုံးသွေးပေမို့
အရှုံးမပေးလေနဲ့ မြစ်ဧရာ ။
နဒီနှစ်စင်း
ဝင်စင်းကာ ဦးခြွေခိုက်ပါလို့
မြစ်တွင်းမှာ စီးနေလိုက်ပုံများ
ချစ်ခြင်းဖွေ ညီညွတ်ရေးပေသို့
အေးမြသာယာ......။
အပလီဆရာ.
နဒီမှာ ဆည်တွေပိတ်ပါလို့
နဒီမဟာဧရာဖျတ်သူက
မသတီစရာ ပြည်မြန်မာအတွက်ပါတဲ့
ပလီပလာ ရွှေဝါစာအထွက်ရယ်က
ဒီကမ္ဘာမှာ သူသာအတတ်ရယ်လို့
ရင်နှလုံးအော့နာဖွယ်.....။
ရယ်စရာကွယ့်.....ဆိုစကား..။
သတိဖြာ....
အသိမဟာ ထိန်ဝါးညီးပါတဲ့..
က၀ိဆရာ ဣန္ဒာကြီးရယ်ကွယ့်...
တပည့်ငချာ သတိပေးလိုတာက
ရှေ့ရေးအနာဂတံ မြန်မာပျောက်လျှင်ဖြင့်
ကမ္ဘာတစ်လျှောက်မှာ အသင့်သမိုင်း
အစဉ်ရိုင်း ကာ အမျိုးပျောက်မှာတော့....
( ကွယ်....)
စိုးကြောက်မိသား။
ဆန္ဒမွန်ဖြင့်..........။ လွမ်းနောင်.....။
စိတ္တဇရဲ့နောက်ဖျား လွင့်ပါးသွားသော ရွက်ဝါငယ်
ကျွန်တော် ရောက်နေတာက မြို့လေးရဲ့ မြောက်ဖျားတွင် ရှိသော အအေးဆိုင် တစ်ဆိုင်တွင် ဖြစ်သည် ။ ကျွန်တော် စောင့်နေသည်…။ ဟုတ်ပါသည်. …….။ ချစ်သော လှိုင့်ကို ကျွန်တော်
စောင့်နေခြင်း ဖြစ်သည် ။ညနေ လေးနာရီ ကျော်ပြီမို့ ဆည်းဆာက သူရဲ့ အလှတရားအငုံလွှာကို
ပွင့်ဖူးပြရန် အားယူနေသယောင် ရှိ၏ ။ ဟော………. တွေ့ရပါပြီ….။ ဟိုး…….ခပ်ဝေးဝေးမှ လှမ်းလာနေသော ချစ်သော လှိုင့်ကို တွေ့ရပါပြီ ….။ လှိုင်…သို့မဟုတ်…..နွေးနွေးလှိုင်…..။
ကျွန်တော့် ရင်တွေ ခုန်နေသည်….။ အ၀ါရောင် ပိုးပျော့ထမီ ၊ အဖြူပေါ်တွင်…ပန်းပွင့်လေးတွေ
ဖောက်ထားသော လက်ရှည်အင်္ကျီလေးနှင့် လှိုင်သည် ဆည်းဆာ၏အစ နိဒါန်း ပွင့်လိုက်သည့်
အလှပန်းနှင့်ပင် တူချေသေးတော့သည်…။ ရှည်လျားနက်မှောင်လှသော ဆံနွယ်တွေကို တပတ်လျှို ထုံးပြီး ရှေ့သို့ချထားပုံလေးက မဟာဆန်သည်….။ လှိုင် လျှောက်လာနေသော ဟန်လေးကလည်း နန်းဆန်သည်ဟု ကျွန်တော်ထင်သည်.။
“ ရောက်နေတာ ကြာပြီလား အစ်ကို ”