Friday 18 November 2011
ကောင်းကင်သရုပ်
ကလေးကစားသလိုကနေ စခဲ့ပေမယ့်
အသွေးအသားထဲကနေ တည်ဖြစ်
ငါတို့ရဲ့ ဒီအချစ်တွေက မင်းထင်ထားတာထက်
ပိုတယ်....သူငယ်ချင်း....။
ဗရုတ်ဗရက်နဲ့
လုပ်ဇာတ်တွေခင်း
အရှုတ်ဇာတ်တွေ သွင်းလို့
မဟုတ်မဟတ် အဖျင်းတွေကို
ပုတ်ခတ်ကာ မင်းအတင်းဆိုလည်း
ငါတိုတွေကတော့
ဟောဒီကောင်းကင်အောက်ကနေ
နှုတ်ထွက်ကာ အချင်းချင်းရန်လိုတာတွေ
ဖြစ်လာမှာ မဟုတ်ဘူး သူငယ်ချင်း..။
အပလီအတင်းများနဲ့
မသတီစရာ မင်းစကားတွေက
အချင်းများစရာ ဆိုပေမယ့်
လိုနေတဲ့ ကွက်လပ်ကိုဖြည့်တတ်တဲ့
တို့တွေအတွက်တော့
မင်းအပြောတွေက
မင်းမောတာပဲ အဖက်တင်လိမ့်မယ် သူငယ်ချင်း..။
ဒီမှာ သူငယ်ချင်း.....
မင်းအမြင်မှာ ငါတို့ပေါချင်ပေါနေမယ်
မင်းအမြင်မှာ ငါတို့ကလေးဆန်ချင်ဆန်မယ်
ဒါပေမယ့် မင်းသိဖို့ပြောချင်တယ်..။
ငါတို့တွေရဲ့ အကြောင်းကို ဂုဏ်မဖွဲ့ချင်ပါဘူး
ကြုံခဲ့လိုဝင်လာသူတွေ သိမှာပါ..။
ငါတို့တွေဟာ ဟန်ပန်တွေမရှိ
ဒေါသမာန်တွေမရှိ
အသိသတိတွေထဲမှာ
ရှိ.ရှိနေမြဲအရာက
စာနာခြင်းသဘောတရား
စည်းလုံးခြင်းအင်အား
ညီညွတ်ခြင်း အသိတရားတွေ
ဦးခိုက်နေတဲ့ ဟောဒီကောင်းကင်ထဲမှာ
မင်းအနေနဲ့
ဒေါသတအားကြီးပြီး
သွားဖြီးပြမနေနဲ့
ငါတို့က
ဆန္ဒမွန်ဖြင့်.........လွမ်းနောင်.။
No comments:
Post a Comment
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။