( ၁ )
နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့
ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။
ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော ရပ်ကွက်ငယ်လေးအတွင်းမှ
အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့်
သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင်
သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မွိန္ပ်ပ်
လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။ ပတ်ဝန်းကျင်
အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ်
ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့်
လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ
ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က
တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို
ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။ အတိတ်က
ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော
ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။
အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့်
သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား ဖွဲဖွဲသည်းသည်း
ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော
နှင်းရှိနေသည်။
Saturday, 27 October 2012
Saturday, 20 October 2012
စကားစမြည် စိုက်ခင်း
( ၁ )
ရာသီကား ဆောင်းခိုငှက်တို့ နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း
မြေသို့နင်းကာ
လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း
ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ
ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က
မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး ထန်းပင်တို့
ကြီးစိုးသည့် တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။
မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက
အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား
သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့်
ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့
ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊
ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့
အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန်
စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး
ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။
မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က
နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။
နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့်
တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။
Tuesday, 16 October 2012
ဖူးပွင့်လာသော အနုပညာပန်းများ
`ပျော်စရာ ရွှင်စရာ ကမ္ဘာ´
ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့
ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို
လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ
ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့
ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို
လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ
Saturday, 13 October 2012
စာအုပ်များအား ခံစားခြင်း
`မောင့်ဘ၀ ညအလားကွယ် ´
မေတ္တာနှင်းဆွတ်ဖျန်းလို့
အေးချမ်းတဲ့ ပန်းဖူးငုံ
လန်းဝင့်မွှေးထုံ ။
အေးချမ်းတဲ့ ပန်းဖူးငုံ
လန်းဝင့်မွှေးထုံ ။
မေတ္တာခြုံ
သစ္စာလုံပါတဲ့ နှစ်ဦးသား ။
ရှင်းခက်ပါသလေ
ငြင်းလျှက်ဗျာပွေအပူမိပြန်ပေါ့
မချိဟန်တမင်ထိန်းကာ
စိမ်းခဲ့တကား။
Wednesday, 3 October 2012
လောင်းကစားသမား
မပီဝိုးတ၀ါး အရောင်ဖျော့ဖျော့ အလင်းက လောကကမ္ဘာမြေကို
သိမ်းပိုက်ဝါးမျိုထားသည်။ဟိုနားက နီနီ ဒီနားက ၀ါဝါဖြင့် တိမ်စအချို့ကား
ညနေဆည်းရီပန်းချီကို အနားကွပ် အလှချယ်ပေးနေသကဲ့သို့ ရှိနေသည်။
ပတ္တမြားတစ်စကဲ့သို့ ရဲရဲတောက်နေသည့် အနီရောင် မျက်လုံးကြီးက လျှောကျ
ပျောက်ကွယ်လုလု ရှိနေသည်။ မှုန်ရီဝိုးတ၀ါး နေရောင်အောက်မှာ လျှောက်နေရင်းမှ
ဆည်းဆာ၏ အလှကို ကိုရင်ဣန္ဒာဝုဓ ခံစားမိလိုက်သည်။ နေရောင်မပြင်းတော့သော်လည်း
နေ့လည်က အရှိန်မသေသေးသဖြင့် မြေက အပူရှိန် ဟပ်နေသည်ကို လည်း တဆက်တည်း
သတိပြုမိလိုက်သည် ။ ဘေးဘီကို မကြည့်တော့ပဲ တစိုက်မတ်မတ် လျှောက်လာရာမှ
ရှေ့မှာ မှိုင်းအုပ်အုပ်ဖြင့် ရွာကလေးကို တွေ့ရတော့မှ ခြေလှမ်း၏
မြန်နှုန်းကို လျှော့ချလိုက်သည် ။ဇာတိရွာ ။ မိမိ၏ မွေးဖွာရာ ဒေသ ။ အမှောင်က
အတန်ပင် စိုးမိုးခဲ့ပြီမို့အိမ်တချို့မှာ မီးခွက်ကလေးများပင်
ထွန်းညှိထားလေပြီ ။ သွက်သွက်ကလေးပင် ငယ်ဆရာရင်း ဖြစ်သော ဆရာတော်ဘုရားရှိရာ
ကျောင်းဆီသို့ ဦးတည်လာခဲ့သည်။
Wednesday, 26 September 2012
ကဗျာတိုနှစ်ပုဒ်
`ခေတ်ဆိုး ´
ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည် ။
`အိပ်မက်ကြွေတဲ့ည ´
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ ။
ဆန္ဒမွန်ဖြင့် ..လွမ်းနောင် ။
ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည် ။
`အိပ်မက်ကြွေတဲ့ည ´
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ ။
ဆန္ဒမွန်ဖြင့် ..လွမ်းနောင် ။
Monday, 24 September 2012
မိုးမျှော်တဲ့တေး
ဝဇ္ဇုံမာလီ ထစ်ချုန်းမြည်ဟည်း
သံစုံတီး၍ ထီးမဲ ရံမိုး
တိမ်ငွေ့ခိုး တို့
ကိုးချက်နယ်စုံ ကိုယ်ဝတ်ခြုံကာ
မာန်ဟုန်ပြင်းပြင်း မိုးနတ်မင်းတို့
စစ်ခင်းရန်မူ ဒေါသဆူလည်း ..။
လူ့ပြည်တို့ရွာ နယ်မြေမှာကား
လယ်ယာသွေ့ခြောက် မိုးတစ်ပေါက်မျှ
ဖြိုးဖျောက်မမည် မပီဂီတ
မလှယာမြေ မဝေသစ်တော
စိမ်းရောမမှု ဥတုမကြည်
မြေသည် အက်ကြောင်း ဖုန်ထောင်းထောင်းနှင့်
ခယောင်းမြေတွေ ဝေခဲ့ပြီ ။
Tuesday, 18 September 2012
ရင်ဝေးကြယ်
အချိန်က ရုပ်ဆိုးသူတွေပင် လှပစေသည့် ဆည်းရီ နေညိုချိန်။ ခင်ခင်တင့်
လယ်ကန်းသင်းရိုးပေါ်မှာ ထိုင်၍ အိပ်တန်းပြန် ငှက်တချို့နှင့် မရိုးနိုင်သော
ဆည်းဆာ၏ အလှကို ငေးမော ကြည့်နေမိသည်။ စိတ်ထဲမှလည်း ` ငှက်တို့သည်ပင်လျှင်
အချိန်တန် အိမ်ပြန်ကြပါလား ´ ဟု တွေးလိုက်မိသည်။ ဖုန်များ
ထောင်းထောင်းထနေသော ရွာအ၀င်လမ်းဆီသို့ လှမ်းမျှော်ကြည့်ရင်း အဖေနဲ့ အမေ
ဘယ်တော့များမှ ပြန်လာမှာပါလိမ့် ဟူသောအတွေးဖြင့် ရင်မောမိရပြန်သည်။
ငှက်ကလေးတွေလိုပင် အဖေနဲ့ အမေ သူမတို့ မိသားစုရှိရာသို့ ပြန်လာလေလျှင်
ဘယ်လောက်များ ပျော်စရာ ကောင်းလိမ့်မည်လဲ ။ သို့သော်ငြား သူမ၏ ထိုအတွေးသည်
မပီပြင်သည့် ပန်းချီကား တစ်ချပ်သာ ဖြစ်ကြောင်း ခင်ခင်တင့် နားလည်မိပါသည် ။
ဆည်းဆာနေရောင်အောက်ဝယ် ထိုင်နေရင်းမှ ခင်ခင်တင့် စိတ်တို့က အတိတ်ကာလဆီ
အလည်တစ်ခေါက် အပြေးသော့လေပြီ ။
…………………………………………………………………………………………….
…………………………………………………………………………………………….
မီးတောက်သစ်ပင်
သွေးထွက်အောင် မှန်တဲ့ အိပ်မက်
ငွေကျပ်လောက် အရာမရောက်တဲ့ အမှန်တရား
ဖြစ်စဉ်တွေက တဖြည်းဖြည်း ခါး..ခါး..လာ ။
Saturday, 15 September 2012
ပန်း

ပန်းတစ်ခိုင်ဆိုတာလေးကနေ လက်ဝဲရစ် ဖတ်သွားလိုက်ရင် ဒီလိုလေး တွေ့ရမှာပါခင်ဗျာ။
ပန်း တစ်ခိုင် ပန်း မြိုင်တင့် ပန်း လှိုင်ဆင့် ပန်း ဝေ ။
ပန်း ကြိုင်စွင့် ပန်း တွေရယ် ပန်း ကဝေ ပန်း အလှ ။
ပန်း မြမြ ပန်း နွယ် ပန်း ထည်တဲ့ ပန်း ဘ၀ ။
ပန်း အသွေး ပန်း မွှေးကြည်တယ် ပန်း ရွေးသီ ပန်း ပန်းချီခြယ်သ။
ပန်း ၀တ်ရည် ပန်း ကြည်မြသမို့ ပန်း သီတာ့ ပန်း လွင် ။
ပန်း အစုံ ပန်း ဂုဏ်မညှိုး ပန်း ဘုံတိုး ပန်း မွန် ။
ပန်း ညီကာ ပန်း အသွင်မို့ ပန်း ဆင်လို့ ပန်း ၀တ်လွှာ ။
ပန်း ဥယျာဉ် ပန်း ပင်မြင့် ပန်း လွင့် ပန်း ၀ါ ။
ပန်း နိမိတ် ပန်း အရိပ်ဖြာတယ် ပန်း သိက္ခာ ပန်း ဖြာဝင့်လေး ။
ရိုးရိုးတေးထပ်လို စာစီလိုက်ရင်တော့ ဒီလိုလေး တွေ့ရပါမယ်ခင်ဗျာ။
ပန်းတစ်ခိုင် ပန်းမြိုင်တင့်
ပန်းလှိုင်ဆင့် ပန်းဝေ
ပန်းကြိုင်စွင့် ပန်းတွေရယ်
ပန်းကဝေ ပန်းအလှ ။
ပန်းမြမြ ပန်းနွယ်
ပန်းထည်တဲ့ ပန်းဘ၀ ။
ပန်းအသွေး ပန်းမွှေးကြည်တယ်
ပန်းရွေးသီ ပန်းပန်းချီခြယ်သ ။
ပန်းဝတ်ရည် ပန်းကြည်မြသမို့
ပန်းသီတာ့ ပန်းလွင် ။
ပန်းအစုံ ပန်းဂုဏ်မညှိုး
ပန်းဘုံတိုး ပန်းမွန် ။
ပန်းညီကာ ပန်းအသွင်မို့
ပန်းဆင်လို့ ပန်းဝတ်လွှာ ။
ပန်းဥယျာဉ် ပန်းပင်မြင့်
ပန်းလွင့် ပန်းဝါ ။
ပန်းနိမိတ် ပန်းအရိပ်ဖြာတယ်
ပန်းသိက္ခာ ပန်းဖြာဝင့်လေး..။
ကဗျာလေးကို ဝေဖန်ထောက်ပြတဲ့ စာပေအာစရိယ အပေါင်းအား ဦးညွတ်ပြီး စာပေဖွားဖက်တော် အပေါင်းအား လေးစားလျှက်....။
ဆန္ဒမွန်ဖြင့်........လွမ်းနောင် ။
Subscribe to:
Posts (Atom)