Friday 30 November 2012

မျက်ရည်ပွင့်တွေနဲ့ ကခုန်တဲ့ည

** ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုခဲ့ရတယ်**
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
 မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
 ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး

**အမျိုးအရင်းတွေက သစ္စာဖောက်တတ်တယ်** ဆိုတဲ့ လေးဖြူရဲ့စကားကြားတိုင်း
ရင်ထဲမှာ ၀ရုန်းသုန်းကား။ နာကျင်ခြင်းတွေသာ လွန်းတင်ခဲ့
မျက်ရည်စက်တွေနဲ့ကျစ်တဲ့ကြိုး အပိုး/ အသံစမ်း
ဒီဂီတ နည်းနည်းတော့ ဆန်းမယ်ထင်ရဲ့
ရှိခြင်း/ မရှိခြင်း ဖြစ်ခြင်း ပျက်ခြင်းတွေက လူးလားခေါက်တုန့်
ဂေါ်ကီပြောတဲ့ စာရွက်ဖြူဖြူပေါ်က အ၀ိဥာဏက အရိပ်မည်းမည်းတွေကြားမှာ...
ကျွန်တော်.. ခင်ဗျားတို့ ကိုယ့်အတ္တကို အလံထူခဲ့သူတွေ
အယူအဆတွေ သဘောတရားတွေ ယုံကြည်ချက်တွေကြား
 တစ်ဖက်နားနဲ့ ပြတ်သားနေလိုက်တာ.. ရင်ထဲမှာ ( ခါး) တယ်
အစဟာ ဘယ်မှာ အဆုံးဟာဘယ်ဆီတဲ့
သံသရာကြီးနဲ့ ချီစရာ မလိုခဲ့ပါဘူး လမ်းခုလတ်မှာပဲ ကျွန်တော်တို့ ပြီးဆုံးခဲ့ကြ
မျက်စိတစ်မှိတ်မှာပဲ ကျွန်တော်တို့ လောင်ကျွမ်းခဲ့ကြ
သေချာပါတယ်( တာရာမင်းဝေ ပြောသလို) ` ကျွန်တော်မပါလည်း ဧရာဝတီဟာ စီးမြဲ စီဆင်းနေပါလိမ့်မယ်´
**ရိုးသားမှုကိုခုတုံးလုပ်ခံလိုက်ရတဲ့နာကျင်မှုနဲ့
ရင်မွမွကြေ မျက်ရည်သွန်းလိုက်တယ်.** ဆိုတဲ့ ရင်ဖွင့်ဖော်တစ်ဦးရဲ့ စကားလို
စုန်း ကဝေ နွေအရိုင်း ကျွန်တော်ဟာ မုန်းတိုင်းထဲက ကျစ်စာမိနေတဲ့ ကောက်ပင်အို
အတွေးအခေါ်တွေ ပျိုမြစ်နေတယ် ဆိုချင်ဆို
အလိုမတူတဲ့ လမ်းမထက်ကနေ ကျွန်တော့်ကိုတော့ ရပ်စဲခွင့်ပြုပါလေ
ညဟာ ညလို သရုပ်ဆောင်ချိန်မှာ ကျွန်တော်ဟာ ဆွံ့အ လောင်မြိုက်
မိုးတဖြိုက်နဲ့ အတူ မျက်ရည်ပွင့်တွေ မျောသွား
အဆိပ်သွန်းလောင်းခံရတဲ့ မေတ္တာတရားရေ
တစ်ခုလောက် မေးပါရစေ
ကမ္ဘာမြေမှာ သစ္စာတရား ဆိတ်သုဉ်းနေပြီလား။








ှဆန္ဒမွန်ဖြင့်  လွမ်းနောင်..။http://lwannnaung.blogspot.com/
























8 comments:

  1. စစချင်းမှာပဲ ရင်ကိုထိမှန်စေလိုက်တယ်
    (ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုလိုက်ရတယ်)
    ကဗျာကောင်းလေးတွေဆက်လက်မွေးဖွားနိုင်ပါစေ

    ReplyDelete
  2. အလိုလေး.......ဆရာလွမ်းရ.....
    ကိုးကားချက်တွေ ပုံဆောင်ချက်တွေ များလှချေလား...
    but ......ကောင်းပါ၏........:)

    ReplyDelete
  3. သည်မေးခွန်းတွေက မေးသင့်နေတာ ကြာပြီဗျာ။

    မငိုဘဲ ရွှဲခဲ့မျက်ရည် သည်တစ်ချီလည်း နောက်ဆုံးမဖြစ်နိုင်သေးဘူး။

    ReplyDelete
  4. ကဗျာလေး ဖတ် ခံစား ထိ သိ သွားပါတယ်...း)

    ReplyDelete
  5. ကဗျာလေးကို လေးစားအားကျစွာ လေ့လာခဲ့ပါတယ်း)

    ReplyDelete
  6. ခံစားအားပေးသွားတယ် လွမ်းနောင်ရေ..

    ReplyDelete
  7. လာရောက်လှည့်လည်သွားပါတယ်..

    ReplyDelete
  8. ကဗျာလေး ပြန်ခံစားသွားတယ် .
    ဒါနဲ့ ငါ့ဘလော့လေးတော့ ပျက်သွားရှာပြီ

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။