Wednesday, 14 November 2012
သက်မျှထပ်တူချစ်သော်လည်း
ယဉ်ကြည်ချိုရွှင်၊ ထုံးနောက်ရှင်နှင့် ၊ ရွှေစင်ပုံသွန်း၊ လှရည်ရွှန်းတင့်၊လေးကျွန်းတစ်ကိုယ်၊ တုနှိုင်းဆိုလည်း ၊ ဖက်လိုပြိုင်ကြ ၊ နိုင်မရမို့၊ပျောင်းပျ ညွတ်ထွေ၊ လှမြုတေကို၊ ရဝေခေါင်နန်း၊ တော်ထိုက်ပန်းဟု၊ ပျံ့မွှန်းဆိုကာ၊ ခွန်းဆင့်ပါ၍၊ ငါးဖြာကြန်အင်၊ ရှုတိုင်းယဉ်ကို၊ နေ၀င်ချုပ်စ၊ ဆည်းဆာညတွင်၊ ပျပျမှောင်ဖိတ်၊ နွေအရိပ်နှင့်၊ သုံးထိပ် တုနှုန်း၊ ၊မီ မဆုံးတည့်၊ ဆံထုံးမြိတ်သွယ် စို့တကား။
သွင်သည် ညိုလွင်၊ လှထိပ်တင်ကို၊ မြင်စဉ် ခဏ၊ အံ့သြစွတည့်၊ရင်မှလျှံဖိတ်၊ချစ်သည့်စိတ်ကြောင့်၊စက်အိပ်ယာလည်း၊ ပျော်နိုင်ပဲကို၊ ရစ်ဝဲ ဆင်လာ၊ သူ့ပုံလွှာကြောင့်၊ စိတ်မှာ ပျပျ၊ လန်းရွှင်ရတည့်၊ သက်မျှ ကြင်ချစ်၊ လွမ်းသည်ဖြစ်မို့၊ တွယ်ရစ် နှောင်ငင်၊ သံယောဇဉ်တို့၊ မြေပြင် စခန်း၊ ပြည့်ခမန်းတည့်၊တစ်ဝှန်း မိုးမြေ၊ ချစ်ကြိုးရှည်ပြီ၊သက်ဝေချစ်ဆုံး၊ ညို့မျက်လုံးနှင့်၊ အပြုံးရိပ်ရယ် ပျို့တကား ။
ဆင်မည်ဆိုလျှင် ၊ မောင်ရင်ဆိုင်းထမ်း၊ ကြယ်ကို ပန်းသွင် ၊ ကုံးသီဆင်လို့၊ဖြူစင်ဝင်းမွတ် ၊ လည်တိုင်ထွတ်ဝယ်၊ ယူဆွတ်ကိုယ်ပင် ၊ ဆင်လိုချင်လည်း ၊ နွဲ့ပင်ရှောင်တိမ်း ၊ မကြင်စိမ်းထင့်၊ လဲ့ယိမ်းတစ်ခါ ၊ ကြယ်မာလာကို၊ ဆင်ပါလိုဘူး ၊ ခေါင်မှူး နွဲ့သန့်၊ ပျံ့ပျံ့ မွှေးမွှေး၊ ဆေးလေးငြိမ်တည်၊ နောင့်ချစ်ကြည်သက် ၊ ကြင် မဖက်မို့၊ နွေရက်ကျွမ်းဝင် ၊ လွမ်းသည့်ရင်ဝယ်၊ ပူပင် မဆုံး အမှောင်ဖုံးသည်..၊ နှလုံး စိတ်ဝယ် ညို့တကား..။
ဆန္ဒမွန်ဖြင့်..လွမ်းနောင်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
အဟွတ်...ဒါဘယ်သူရေးတာလဲဗျာ...
ReplyDeleteကောင်းသားပဲ..ဖတ်လို့.....
ကိုယ်တိုင်ရေးပါခင်ဗျာ။ ကဗျာတွေ လာဖတ်တာကို ကျေးဇူးအထူးပါခင်ဗျာ။
Deleteနီပြထားတာလေးတွေ အဲ့လို အသံညီမှန်း ခုမှ တွေ့၏ ညံ့လိုက်တဲ့ ငါး) စာလာဖတ်သွားပါ၏
ReplyDelete:P
Deleteကဗျာတွေကတော်တော်ကောင်းတာပဲ
ReplyDeleteအားပေးလျှက်
အရောက် နောက်ကျလှလေချင်းဗျာ
ReplyDeleteသည်လို ပီသ ကြည်မြနေတဲ့ကဗျာတွေ ရေးနေတာ
မြင်လိုက်တွေ့လိုက်ရတော့ သိပ်ကို ကျေးဇူးတင်မိတယ်ဗျို့
လင်ဒ့်ချိတ်ပြီး လေ့လာပါရစေဦးဗျာ။
ဒီဘက် နောက်ပို်င်းမှာ ရတု အရေးအသားတွေကို သပ်မမြင်ရတော့ဘူး.. ဖတ်ရတာ တော်တော် စိတ်ချမ်းသာတယ်ရှင်။
ReplyDelete