Tuesday 20 November 2012

လရောင်မျှားသော နွေညများ

ချစ်ခြင်း အသင်္ချေ။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။

လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။

အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။




ဆန္ဒမွန်ဖြင့်...လွမ်းနောင်။

5 comments:

  1. ကဗျာတစ်ခုလုံးမှာ မသိတာဆိုလို့နှစ်ခုထဲပါတာဆိုတော့ နာ သိပ်မညံ့ပါဘူး :P တော်လာပါ့ပြီး) အဇဋာ-ကောင်းကင်ကျယ်
    ပုဏ္ဏမိံ-လ ဆိုတာလေးရယ်ပဲ မသိတာဆိုတော့ :P

    ReplyDelete
  2. ကဗျာစစ်စစ်လေးဖတ်ခွင့်ရခဲ့တယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  3. ကဗျာလှလှလေး ခံစားခဲ့ပါတယ်..ဆရာလွမ်းရေ..
    ဒီကဗျာလေး မိုးနတ်ကြိုက်တယ်ဗျ...

    ReplyDelete
  4. ကဗျာလေးက ကောင်းတယ်ဗျာ
    ကျွန်တော်တို့တွေ သည်အချိန်ကို စောင့်နေကြရတာ မဟုတ်လား
    လင်းခွင့်ရမှာပါ ထိုစန္ဒာ သာခွင့်လည်း ရှိမှာပါ။

    ဟိုနေ့က သေသေခြာခြာ မကြည့်မိဘူး အကိုရ
    အခုမှ ဂီတနတ်သံ ကိုစောညိမ်း ရဲ့ပုံကိုတွေ့လိုက်တာ သိပ်ကိုတော်တဲ့ သူပေါ့ဗျာ သူ့ရဲ့ဂီတသံစဉ်တွေဟာ ဘယ်လောက်နားထောင်နားထောင် ရိုး သွားတယ်ကို မရှိဘူးဗျာ ။

    ReplyDelete
  5. နောက်ဆုံးအပိုဒ်လေး ဖတ်အပြီးမှာ မဟူရာ(လွိုင်ကော်) ရဲ့ ကဗျာလေးတွေကို သွားမြင်မိတယ်။ နူးညံ့တဲ့အသုံးလေးတွေက ဒီဘက်ပိုင်းမှာ မမြင်ရတာ ကြာပြီ..

    ခင်မင်စွာဖြင့်
    ပျိုးယုဝသုန်

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။