နှောင်းနွေအခါ ၀ဠာက မိုးတွေ ညို့လျှင်ဖြင့်
ပေါင်းဆွေသဟာ လာကြ အမိုးတွေ တို့ပြင်စို့ရဲ့
ဖိုးခင်တို့တဲရယ်နဲ့ နွားစာခြံ ၊
(အိုကွယ်..)
မိုးစင်လို့ ရွှဲလျှင်ဖြင့် သွားမှာအမှန်။
Saturday, 30 November 2013
မြေစာမြက်နှင့် ချိုးဖြူငှက်
( ၁ )
သူငယ်ချင်း.......
မင်းလည်းကြားသိ ၊ ငါကြားမိခဲ့
ကြားသည့်စကား၊ ပြန်ပြောကြားသော်
ရင်များလည်တုန်၊ ဒေါဟုန် ဆတ်ဆတ်
မပြတ်မသား၊ စိတ်များလည်းလေ
မောဟတွေဖုံး၊ နှလုံးသားမှာ
အသားမာ...။
သူငယ်ချင်း.......
မင်းလည်းကြားသိ ၊ ငါကြားမိခဲ့
ကြားသည့်စကား၊ ပြန်ပြောကြားသော်
ရင်များလည်တုန်၊ ဒေါဟုန် ဆတ်ဆတ်
မပြတ်မသား၊ စိတ်များလည်းလေ
မောဟတွေဖုံး၊ နှလုံးသားမှာ
အသားမာ...။
မေတ္တာမိုးလေး ရွာစေချင်
တို့ယာမြေ အလှတော
မြကြောတို့ စိမ်းစိုပေ။
လေယူရာ နွဲ့ကာတိမ်း
ယိမ်းကလို့ဝေ။
သစ္စာမိုး မျှော်ကာနေ၊
ခေါင်နိုင်ပေ ကိုရွှေမိုး။
မြကြောတို့ စိမ်းစိုပေ။
လေယူရာ နွဲ့ကာတိမ်း
ယိမ်းကလို့ဝေ။
သစ္စာမိုး မျှော်ကာနေ၊
ခေါင်နိုင်ပေ ကိုရွှေမိုး။
အန္ဓကမ္ဘာ
စိတ်ဓာတ်တွေပြာကျ
လုပ်ရပ်ကအပြာ။
ဇာတိအာဏာ။
အနတ္တ မြေကမ္ဘာ
သေမှာပင်တစ်နေ့။
မောဟလှုံ
ဒေါသဟုန် ထုံလွှမ်းလို့
သောကရုံ ဘုံအနှမ်းမှာ
လောကဂုဏ် အကုန်ခမ်းတယ်။
ရော်နွမ်းလို့သွေ့။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
လုပ်ရပ်ကအပြာ။
ဇာတိအာဏာ။
အနတ္တ မြေကမ္ဘာ
သေမှာပင်တစ်နေ့။
မောဟလှုံ
ဒေါသဟုန် ထုံလွှမ်းလို့
သောကရုံ ဘုံအနှမ်းမှာ
လောကဂုဏ် အကုန်ခမ်းတယ်။
ရော်နွမ်းလို့သွေ့။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
မိုးကလျာ
မိုးကလူ မိုးမြူကျ
မိုးဖြူက မိုးမှောင်
မိုးသူဇာ့ မိုးမောင်ရယ်
မိုးအဆောင် မိုးထား။
မိုးဖြူက မိုးမှောင်
မိုးသူဇာ့ မိုးမောင်ရယ်
မိုးအဆောင် မိုးထား။
ရုပ်သေးရုပ်ပွဲတော်
မြေကမ္ဘာ လင်းရောင်သုဉ်း
တိမ်ဖုံးလို့ လမသာ။
လူ့ဘုံခန်းဝါ။
ငြိလေရာ
ကိလေသာ နွံအိုင်တော။
ဇော်ကနက် ဇော်ကနီနဲ့
ဥာဏ်ပလီ ဇာတ်အလှုပ်မှာ
(ကွယ်...)
ကြိုးရှုပ်လို့မော။
ဆန္ဒမွန်ဖြင့်...... လွမ်းနောင်။
တိမ်ဖုံးလို့ လမသာ။
လူ့ဘုံခန်းဝါ။
ငြိလေရာ
ကိလေသာ နွံအိုင်တော။
ဇော်ကနက် ဇော်ကနီနဲ့
ဥာဏ်ပလီ ဇာတ်အလှုပ်မှာ
(ကွယ်...)
ကြိုးရှုပ်လို့မော။
ဆန္ဒမွန်ဖြင့်...... လွမ်းနောင်။
Wednesday, 26 June 2013
နွေ သင်္ကြနှ်နှင့် မြူခိုးဝေ့ဝေ့အလွမ်းများ

ချစ်သောနွေဦးသည် ကျောခိုင်းလုလုဖြင့် ကမ္ဘာမြေကို လွမ်းဖွယ်ဖန်နေသည်။ ဆရာဘုန်းနိုင်က ပြပွဲချိန် သီသီခိုးပြီး နွေဦးကို ရက်တိုးမြှင့်ရန် တောင်းပန်သကဲ့သို့ ကျွန်တော်သည်လည်း နွေဦးကို တောင်းပန်ချင်သည်။ သို့သော်ငြား ဤမျှအထိ လောဘကြီးရန် မသင့်ဟု ကျွန်တော်ထင်သည်။ လောဘကြီးစေဦးတော့ ချစ်သောနွေဦးသည် ကျွန်တော့်အလိုကိုဖြည့်၍ ရပ်တန့်မည်လည်း မဟုတ်။ သူသည်ရာသီ ရထား ဖြစ်သည့်အလျောက် ဘူတာရုံမှ ဆက်လက်ထွက်ခွါပေမည်။ နွေဦး လွန်လုစ ဖြစ်သော်လည်း ပင်ယံဝယ် ပိတောက်တို့ မ၀င်းသေး။ နွေဦးနှင့် ပိတောက်သည် သဟဇာတ ဖြစ်ဟန်မတူ။ မိုးတစ်ပြိုက် နှစ်ပြိုက်ကျသည့် နွေလယ်လောက်မှ ပိတောက်တို့ လဲ့ဝင်းသင်းရီတတ်သည်။`တစ်နှစ်တွင် ဒီတစ်လပေပ၊ တစ်လတွင် တစ်ရက်တည်းရယ်နဲ့´ ဟု ဦးကြော့က ဆိုသည်။ သို့သော် ယခုအခါတွင် ပိတောက်သည် ခါတစ်ရံ တစ်လတွင် နှစ်ရက်လောက် ပွင့်ချင် ပွင့်သည်။ လူအချို့ကတော့ ပိတောက်တွေ သစ္စာမရှိတော့ဟု ဆိုတတ်ကြသည်။ သို့သော်ငြား ထိုပိတောက်တို့ ပွင့်ပြီဆိုလျှင်ဖြင့် လုလင်ပျိုတို့က အမြတ်တနိုး အခက်ချိုး၍ ချစ်သူ ကေသာဦးမှာ ဆင်မြန်းပေးကြသည်။ လုံမပျိုတို့ကလည်း တစ်နှစ်တွင် တစ်ရက်ကလေး ပွင့်ရသည်ပန်းဟု နှစ်သက်စွာ အမြတ်တနိုး ပန်ဆင်တတ်သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့သော အခွင့်အရေးမျိုး မရှိခဲ့ပါ။ မရှိခဲ့ခြင်း အကြောင်းကို ကျွန်တော်ဖွင့်ဆိုပါရစေဦး။
Tuesday, 7 May 2013
အပွင့်ခက်တဲ့ပန်း
` အပွင့်ခက်တဲ့ ပန်း ´
မင်္ဂလာပါ
ညင်သာစကား ကြားရတဲ့ခိုက်
ရင်မှာလှိုက်ဖို အို တစ်မျိုးပဲ။
မျက်နှာတွေ့မြင်
ငလျှင်ခတ်လှုပ်
ငုတ်တုတ်လွင့်မျော
အိပ်မက်တောရောက်
နှစ်ယောက်ကမ္ဘာ
စိတ်မှာကြည်နူး
အို ရူးမိလိုက်တာ။
ငုတ်တုတ်လွင့်မျော
အိပ်မက်တောရောက်
နှစ်ယောက်ကမ္ဘာ
စိတ်မှာကြည်နူး
အို ရူးမိလိုက်တာ။
စိတ်ကူးရပ်လင့် ဥာဏ်ကိုဖွင့်လို့
တွက်ချင့်ဘ၀ ပြန်တွေးဆသော်
သူကတစ်မြေ မေမှာတစ်ခြား
ဝေးနေသားမို့ စိတ်သွားနှင့်ကိုယ်
အိုမပါနိုင် ငိုကာမှိုင်လျ
တွက်ချင့်ဘ၀ ပြန်တွေးဆသော်
သူကတစ်မြေ မေမှာတစ်ခြား
ဝေးနေသားမို့ စိတ်သွားနှင့်ကိုယ်
အိုမပါနိုင် ငိုကာမှိုင်လျ
မေ့ဘ၀ကို သူမှ သိပါလေစ။
နောက်ဆုံးဆန္ဒ
နွေဦးလိပ်ပြာ စိတ်မှာခိုနား
ရထားတိမ်နီ ရောင်ခြည်လှိုင်းထ
ဥသြကငို မြူကပြိုဆင်း
နှင်းကြွင်းဖွဲဆဲ ဝေ့၀ဲရွက်ဝါ
ညောင်းမြညှာကျင် ဈာန်ယဉ်ရယ်ပြောင်း
အဟောင်းအသစ် မြပုရစ်ဖူး
ညွန့်ဦးဝေစည် နွေမဟီ။
ညောင်းမြညှာကျင် ဈာန်ယဉ်ရယ်ပြောင်း
အဟောင်းအသစ် မြပုရစ်ဖူး
ညွန့်ဦးဝေစည် နွေမဟီ။
Monday, 29 April 2013
တင်ဆက်သူများ
အမိတိုင်းနိုင်ငံ
ပေါက်ကွဲသံတွေ တညံညံ ။
မျက်ရည် မိုးချုန်းသံ ။
ပေါက်ကွဲသံတွေ တညံညံ ။
မျက်ရည် မိုးချုန်းသံ ။
လယ်ပြင်မှာ ဆင် ဆိုး
ကျားနဲ့ တွေ့ကာ စွယ်နဲ့ထိုး
ပင်ထက်မှာ မုဆိုး။
(၂၇-၄-၂၀၁၃ )
ဆန္ဒမွန်ဖြင့်...။လွမ်းနောင်။
Thursday, 6 December 2012
ရင်ထဲက တောက်ခေါက်သံ
အတွေးစုတ်
ခွေးယုတ်တို့ ရက်စက်သံ။
မှန်စွာဟောင်
သန္တာရောင် လွာနှစ်ချပ်
ဆင့်ထပ်နီကြန်။
ခွေးယုတ်တို့ ရက်စက်သံ။
မှန်စွာဟောင်
သန္တာရောင် လွာနှစ်ချပ်
ဆင့်ထပ်နီကြန်။
Friday, 30 November 2012
မျက်ရည်ပွင့်တွေနဲ့ ကခုန်တဲ့ည
** ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုခဲ့ရတယ်**
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး
Monday, 26 November 2012
လရောင်မျှားသော နွေညများ
ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ်
တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ
အလင်းကြယ်တချို့ကား မဟီမြေပြင်ကို
ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။
လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ
ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း
လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော
အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ
အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်
Friday, 23 November 2012
ဟိုက္ကူကဗျာ
` အိပ်မက်တွေ ကြွေတဲ့ည ´
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
ခေတ်ဆိုး
ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။
ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။
ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။
Tuesday, 20 November 2012
လရောင်မျှားသော နွေညများ
ချစ်ခြင်း အသင်္ချေ။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။
လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။
အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။
လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။
အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
Saturday, 17 November 2012
သင်္ခါရကို မျိုချနေရသော နေ့စွဲများ
ခုတလော ကျုပ်ရင်ထဲမှာ ပိုးတစ်မျိုးထနေတယ်။ တခြားဟုတ်ရိုးလားဗျာ။
အိမ်ရှေ့က အသစ်စက်စက် အုတ်တိုက်လေးကို ကြည့်ပြီး အိမ်အသစ် ဆောက်ချင်တဲ့
ပိုးပေါ့။ဟိုတုန်းက ကျုပ်အိမ်ကို စုတ်တယ် ချာတယ်.ပြောကြတုန်းက ကျုပ်
သိပ်အရေးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်က ကြယ်မြင်လမြင် လောကဓံကိုပဲ ဖက်တွယ်ပြီး
နေခဲ့တာ။ ဒီတုန်းကလည်း အိမ်ရှေ့မှာက အခုရှိနေတဲ့ တိုက်သစ်လေး မရှိသေးဘူး။
မြေကွက်လပ်ကြီးပဲ ရှိတာ။ ပြီးခဲ့တဲ့ နှစ်လ လောက်ကမှ အုတ်တွေ သဲတွေ လာချ ။
မြက်ရိုင်းတွေ ရှင်းပြီး လုပ်သွားလိုက်တာ အခုလို တိုက်လေး ဖြစ်လာတာပဲ။
အခုတော့ ရှေ့က တိုက်သစ်လေးကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ ကလိ ကလိ ဖြစ်နေတယ်။
ဖြစ်ဆို ကျုပ်မှာကလည်း လုံလောက်တဲ့ အကြောင်းက ရှိနေတာကိုး။
Wednesday, 14 November 2012
သက်မျှထပ်တူချစ်သော်လည်း
ယဉ်ကြည်ချိုရွှင်၊ ထုံးနောက်ရှင်နှင့် ၊ ရွှေစင်ပုံသွန်း၊ လှရည်ရွှန်းတင့်၊လေးကျွန်းတစ်ကိုယ်၊ တုနှိုင်းဆိုလည်း ၊ ဖက်လိုပြိုင်ကြ ၊ နိုင်မရမို့၊ပျောင်းပျ ညွတ်ထွေ၊ လှမြုတေကို၊ ရဝေခေါင်နန်း၊ တော်ထိုက်ပန်းဟု၊ ပျံ့မွှန်းဆိုကာ၊ ခွန်းဆင့်ပါ၍၊ ငါးဖြာကြန်အင်၊ ရှုတိုင်းယဉ်ကို၊ နေ၀င်ချုပ်စ၊ ဆည်းဆာညတွင်၊ ပျပျမှောင်ဖိတ်၊ နွေအရိပ်နှင့်၊ သုံးထိပ် တုနှုန်း၊ ၊မီ မဆုံးတည့်၊ ဆံထုံးမြိတ်သွယ် စို့တကား။
Sunday, 11 November 2012
ကြယ်တွေစုံတဲ့ ကောင်းကင်
မခမ်းမနား ၊ မဆန်းပြားလည်း
စွမ်းအားပြည့်စုံ ၊ မွှေးနံထုံသည်
လက်ဆုံခင်းသည့်  ထမင်းဝိုင်း ။
အွန်လိုင်းပေါ်တွင် သူငယ်ချင်း တစ်ယောက် တင်ထားသော ကဗျာလေးကို ဖတ်အပြီး သူမရင်ထဲ သိမ့်သိမ့်လေး လှုပ်ရှားသွားသည် ။ နေ့တစ်နေ့တာတွင် သူမအတွက် အပူလောင်ဆုံး အချိန်သည် မနက်ခင်းဖြစ်ပြီး အအေးမြဆုံး အချိန်သည် ဆည်းဆာရီ တစ်ခုသာ ဖြစ်သည် ။
မနက်ခင်းဆိုလျှင် အဖေနဲ့ အမေတို့က အိမ်ကနေ ထွက်ပြီး ရုံးသို့ သွားသည်။ တစ်နေ့လုံး အိမ်ထဲမှာ သူမ တစ်ယောက်သာ ရှိသည်မို့ မနက်ခင်းကို သူမ မုန်းသည် ။ ညနေခင်းကိုတော့ချစ်သည် ။ တိမ်အလွှာတွေက ဇာပ၀ါကွန့်သလို အတွန့် အတွန့်တွေက တစ်မျိုး ၊ ဟိုးးးးးအထက်သို့ ထောင်တက်နေသည်က တစ်ဖုံ ၊ ငိုရဖန်များ၍ နီရဲ မို့အစ်နေသော မျက်လုံး ပုံစံကဲ့သို့ နေမင်းကြီး ၊ ဆိုင်ရာ ဆိုင်ရာ ဌာနေသို့ ပြန်နေသော ငှက်အုပ်များ ။ ဒီမြင်ကွင်းတွေက ဆည်းဆာရဲ့ အလှတွေပင်ဖြစ်သည်။ ဒီအလှတွေကို အနားကွပ်ပေးတာကတော့ သူမရဲ့ မိဘနှစ်ပါး အိမ်အပြန်ခရီးဖြစ်သည် ။ သူမသည် မိသားစုကို တွယ်တာသည် ။ သူမတို့ မိသားစုမှာ.ကဗျာလေးထဲကလို လက်ဆုံခင်းသည့် ထမင်းဝိုင်း မဖြစ်တာ အတော်ပင် ကြာခဲ့လေပြီ..။
Saturday, 27 October 2012
နှင်းဆွတ်ဆွတ်လမ်း
( ၁ )
နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။ ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။ အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။ အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။
နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။ ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။ အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။ အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။
Subscribe to:
Posts (Atom)