Tuesday 7 May 2013

နောက်ဆုံးဆန္ဒ

နွေဦးလိပ်ပြာ  စိတ်မှာခိုနား
ရထားတိမ်နီ  ရောင်ခြည်လှိုင်းထ
ဥသြကငို  မြူကပြိုဆင်း
နှင်းကြွင်းဖွဲဆဲ  ဝေ့၀ဲရွက်ဝါ
ညောင်းမြညှာကျင် ဈာန်ယဉ်ရယ်ပြောင်း
အဟောင်းအသစ် မြပုရစ်ဖူး
ညွန့်ဦးဝေစည်  နွေမဟီ။

ရွက်ဝါလွင့်ဝဲ  နွေထဲရစ်ဆိုင်း
ချစ်မှိုင်းပိန်းပိတ် ပိတောက်ရိပ်ခို
နှောင်းတိတ်ကိုလွမ်း နွမ်းမဖြေသာ
လွမ်းနေတာလည်း ကြာပါပြီ။
ကြာခဲ့ပြီကော ကြာပြီကောမို့
မောမပြေပြီ  စောဒေ၀ီနွဲ့
မုန်းမာန်ဖွဲ့လို့ လှည့်စားရက်အား
ကမ္ဘာခြားပြီ   လ အား ပစ်ခွါ
ပဒုမ္မာ သို့   ရှောင်ခွါဖယ်ထွက်
နွေရက်ပိတောက်  လေထက်ပျောက်သို့
တစ်ယောက်ခင်ဖုန်း  ဘယ်ဆီပုန်းလို့
မုန်းရက်နိုင်ရှာ   မသိပါပြီ။
နေပါတော့ကွယ် တကယ်ဆိုလျှင်
တိမ်ဝေဟင်နှင့်   မြေပြင်ဆုံချက်
အိပ်တစ်မက်ပါ     မှိတ်လျှက်မြင်တွေ့
မေ့လည်းမရ     ဒီဘဝတွက် 
တစ်သက်တာစွဲ     တစ်မျက်နှာထဲ 
ဝှက်ကာဖဲရှောင်မလွယ်
ခက်တာပဲမောင်ရယ်
တွယ်တာစကား     နားမှာကြားရင်း
နွေတလင်းမှာ
ကြွေဆင်းလိုက်ရဲ့သီချင်းတွေ
မေရေ
အပျင်းပြေပါစေတော့။


မောင်နိုင်လင်း+ လွမ်းနောင်

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။