Thursday 15 March 2012
အနာဂတ်ကောင်းကင်( ၁၃ ) လပြည့် အမှတ်တရ လေးချိုး
ရင်မှာ  ကြင်နာ ရွှင်ဖြာမနောအလှရယ်နဲ့
ရွှင်စွာ ၀င်လာသူ အစဉ်သာသဘောကျစေဖို့
မင်္ဂလာပါ ကြင်နာစွာ အလင်္ကာ အချောအလှတွေနဲ့
အပြောကျစရာကွယ့် ကြည်ပျောင်းအစဉ်
( အလိုကွယ် )
မနော လှပါတဲက ဒီကောင်းကင် ။
♥♥♥♥♥♥♥♥
 အမတ နန်းစဉ် မသွေတတ်စေဖို့
ပရဟိတ  ပန်းအသွင် အလှူရေစက်ကယ်က
အပူတွေခက်ဖြာ အရိပ်မဲ့ရှာတဲ့ဘ၀လေးတွေ အတွက်
အပူတွေ သက်သာ စိတ်ရဲ့အဟာရကျွေးစေလျှက်ပါပဲ
(အလိုကွယ် )
ထာဝရ အေးစရာ အရိပ်ကောင်းလိုပ
ပကာသန ဝေးကွာ မိတ်အပေါင်းရယ်နဲ့
စိတ်ကောင်းယှဉ်  ဒီခရီးတစ်လျှောက်မှာလ
နိမိတ်ကောင်းအစဉ် ကြည်ပြီဲးတောက်လျှက်ပါပဲ
စည်ထီးဆောက်ကာ အလှယဉ်စေဖို့
မဟာ့ပလ္လင် နန်းအထက်ဆီ ပျော်စရာတွေနဲ့
ဘဂ၀ါ့ အရှင် မှန်းလျှက်သာ ဖော်သဟာတွေက
ကျော်မဟာ ကံအထ စန်းအတတ်ပေသို့
ပန်းရဲ့ အသွင်ပမာ အရိပ်စကားတွေက
လန်းလျှက် ရွှင်စွာ နိတ်မိတ်အလားပေသို့
စိတ်ထား ချိုလွင် ။
♥♥♥♥♥♥♥♥
သင်္ခါရ လောကဓံပေမို့
ဝင်လာသမျှ “ ကောဓံ ” တွေကိုလည်း
အပြောမှန် အနေတည်စွာဖြင့်
သဘောအကြံ  သွေမဖီပါပဲ
တပြည်ဆီ ခြားနေ  နှမ မောင်တွေက
ရွှေပြည်အားလေ အလှဆောင်ပါလို့
ဘ၀တန်ဆောင် အလင်းများအောင်ပ
အသင်းသားတွေ ပေါင်းစုဖွဲ့ကာပေါ့
ခင်းတံတား အလှူ ကောင်းမှုပြုမယ်ရယ်လို့
မောင်းထုဖို့ စိတ်စော
( အိုကွယ် )
သောင်းဇမ္ဗူ့ အကြောင်းပြု
ကောင်းမှုရယ်တဲ့ စိတ်မနော ။
♥♥♥♥♥♥♥♥
 နွေရက်လ
တေရသ လမြောက်မှ အစဖြာလို့
အလှသာ မမုန်းတမ်းအပြိုင်အဆိုင်ကင်းကာပေါ့
ဘ၀မှာ  အ ပြုံးပန်းတွေလှိုင်လှိုင်ပွင့်စေကြောင်းရယ်နဲ့
မြိုင် ဂနိုင် တစ်ခွင့်အလယ် အလှပန်းလိုပ
ခိုင်ခိုင်ဝင့်ထည် ထာဝရမနွမ်းစေပဲ
ပန်းမွေးသီ စမ်းကလေးကြည်အေးသလိုပ
စခန်းဝေးပြီ လွမ်းတေးသီငှက်တွေကိုလည်း
အဝေးပြည် ပြန်ရက်နီးပါစေလို့
အတွေးမပီ ဟန်ချက်မတင်းနိုင်သူမှာတော့
အတင်းပင် တကြော်ကြော် အဆွေးသီချင်းရယ်နဲ့
အသင်းဝင် အဖော် မျှော် ငေးရင်းသာပဲ
 ဝေးရင်း တေးညဉ်းကာ အတိတ်သဘော
( အိုကွယ်....ကျွန်ုပ်မှာတော့ )
တွေးရင်းသာ  စိတ်မော ။
♥♥♥♥♥♥♥♥
ဆတိုင်မွတ် ဦးကူးရဲ့ သုံးထပ်သံတွေကို အားကျပြီး မူလက လေးချိုးကြီး အဖြစ်ရည်ရွယ်သော်လည်း ဥာဏ်မကွန့်နိုင်တော့သဖြင့် လေးချိုးလတ် အဖြစ်သာ အဆုံးသတ်လိုက်ရပါသည် ။
ကြိုးစားပါဦးမည် ။။ ဆန္ဒမွန်ဖြင့်..... လွမ်းနောင် ။။။။။။။။။။။
3 comments:
  1. သင်္ခါရ လောကဓံပေမို့
    အပြောမှန် အနေတည်စွာဖြင့်
    သဘောအကြံ သွေမဖီပါပဲ
    တပြည်ဆီ ခြားနေ နှမ မောင်တွေက
    ရွှေပြည်အားလေ အလှဆောင်ပါလို့
    ဘ၀တန်ဆောင် အလင်းများအောင်ပ
    အသင်းသားတွေ ပေါင်းစုဖွဲ့ကာပေါ့
    ခင်းတံတား အလှူ ကောင်းမှုပြုမယ်ရယ်လို့
    မောင်းထုဖို့ စိတ်စော
    ( အိုကွယ် )
    သောင်းဇမ္ဗူ့ အကြောင်းပြု
    ကောင်းမှုရယ်တဲ့ စိတ်မနော ။
    ဂွတ်တယ်သူငယ်ချင်းရေ
    ReplyDelete
  2. တတိယအချိုးမှာ ကာရန်ပြန် ပျောက်နေတယ် လွမ်းနောင်ရေ ... အဲဒါလေး ပြင်လိုက်ရင် ရှယ်ပဲ ... နဘေယူထားပုံတွေ အရမ်းကောင်းပါတယ် ... ဒုတိယအချိုးကို နှစ်ထပ်ကြော့ချလိုက်ရင် လေးချိုးကြီးလို့ ပြောမယ်ဆို ပြောလို့ရပါတယ် ...
    ReplyDelete
    Replies
    1. ဟုတ်.. ဦးဟယ်။။ စာလာဖတ်ပြီး ထောက်ပြတာကျေးဇူးဗျို့.။ နောက်လည်း အမြဲလာဦးနော်..းP:P
      Delete
ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။