Saturday, 5 November 2011

အထီးကျန် ပန်းတစ်ပွင့်ရဲ့ ရင်တွင်းသံစဉ်




ရှင့်ကိုကျွန်မ  ၊ သိပ်ချစ်လှလည်း
ဘ၀ခြားနား ၊ မိန်းမသားမို့
ပန်ကြားနှုတ်လွှာ ၊ မဖွင့်သာဘူး
ရင်နာနေလျှက် ၊ကွယ်ဝှက်မျိုသိပ်
အချစ်စိတ်ကို ၊ တိုးတိတ်ရင်မှာ
သိမ်းထားပါသည်.၊ မြင်ပါလှည့်ဦး.....
.......သခင်.....။

သူက ကိုယ့်ကို ၊ချစ်ရေးဆို၍
ခွန်းချိုနှုတ်စ ၊တူပျော်ရအောင်
ဘ၀တိုက်ပွဲ ၊ အတူနွှဲအောင်
လက်တွဲကာသာ ၊ခေါ်ဆောင်ပါလည်း
မကြင်နာသူ ၊မချစ်သူ မို့
သူရည်မျှော်မှန်း ၊အချစ်နန်းကို
စံမြန်းလိုဘူး ၊ရူးတယ်ဆိုဆို
ကိုယ်မလိုမို့ ၊ခေါင်းကို တွင်တွင်
ယမ်းမိသည်..။

ကွယ်.............
တို့မိန်းမသားဘ၀ ၊ခက်လွန်းလှချည့်
ကိုယ်ကယိမ်းချင် ၊သူမငင်ခဲ့
ငင်သူကို ကျ ၊ကိုယ်ကမယိမ်း
စိမ်း၍ မကြင် ၊မချစ်ခင်မို့
ရင်နာနေလျှက်..၊ကမ်းလက်ကိုခွါ
ပင်ယံမှာပင် ၊ပွင့်လွှာအတိုင်းသာ
ပျော်တော့မည်.....။

                                             ဆန္ဒမွန်ဖြင့်.....လွမ်းနောင်..။

အပြင်စီး မဂ္ဂဇင်း ( နိုဝင်ဘာ- ၂၀၁၁ )

2 comments:

  1. စာကလုံးသုံးထားတာတွေအရမ်းကိုလှတယ်နော်။

    မိန်းမသားဘ၀ ၊ခက်လွန်းလှချည့်
    ကိုယ်ကယိမ်းချင် ၊သူမငင်ခဲ့
    ငင်သူကို ကျ ၊ကိုယ်ကမယိမ်း
    စိမ်း၍ မကြင် ၊မချစ်ခင်မို့
    ရင်နာနေလျှက်..၊ကမ်းလက်ကိုခွါ ....တဲ့

    ReplyDelete
  2. မိန်းကလေးဘ၀ကိုအပီအပြင်ခံစားပြီးရေးထားတာပဲ...:)
    အရမ်းလှတဲ့ကဗျာလေးပါ။

    ReplyDelete

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။