Tuesday, 7 May 2013

နောက်ဆုံးဆန္ဒ

နွေဦးလိပ်ပြာ  စိတ်မှာခိုနား
ရထားတိမ်နီ  ရောင်ခြည်လှိုင်းထ
ဥသြကငို  မြူကပြိုဆင်း
နှင်းကြွင်းဖွဲဆဲ  ဝေ့၀ဲရွက်ဝါ
ညောင်းမြညှာကျင် ဈာန်ယဉ်ရယ်ပြောင်း
အဟောင်းအသစ် မြပုရစ်ဖူး
ညွန့်ဦးဝေစည်  နွေမဟီ။

Monday, 29 April 2013

တင်ဆက်သူများ

အမိတိုင်းနိုင်ငံ
ပေါက်ကွဲသံတွေ တညံညံ ။
မျက်ရည် မိုးချုန်းသံ ။


လယ်ပြင်မှာ ဆင် ဆိုး
ကျားနဲ့ တွေ့ကာ  စွယ်နဲ့ထိုး
ပင်ထက်မှာ မုဆိုး။

(၂၇-၄-၂၀၁၃ )

ဆန္ဒမွန်ဖြင့်...။လွမ်းနောင်။ 

Thursday, 6 December 2012

ရင်ထဲက တောက်ခေါက်သံ

အတွေးစုတ်
ခွေးယုတ်တို့ ရက်စက်သံ။

မှန်စွာဟောင်
သန္တာရောင် လွာနှစ်ချပ်
ဆင့်ထပ်နီကြန်။

Friday, 30 November 2012

မျက်ရည်ပွင့်တွေနဲ့ ကခုန်တဲ့ည

** ခင်ဗျားတို့ရယ်ဖို့ ကျွန်တော် တော်တော် ငိုခဲ့ရတယ်**
လမ်းလျှောက်ဖော်တစ်ယောက်ရဲ့ ခေါင်းစဉ်နဲ့ပဲ ဒီကဗျာကို ဖွင့်ချလိုက်တယ်။
 မနေ့ညက အိပ်စက်ခြင်းနဲ့ ကျွန်တော် စိတ်ဝမ်းကွဲခဲ့တယ်။ စိတ် .ဟုတ်တယ်။
ပါမောက္ခ ဖရွိုက်ပြောတဲ့ အရိုင်းစိတ် ဗုဒ္ဓဟောတဲ့ ၀ိပါတ်စိတ်
စိတ်ကြေးမုံမှာ စိတ်ဒွိဟဖြစ်ရင်း အရိပ်တွေနောက် ကျွန်တော်လိုက်ခဲ့။
ပယင်းရောင် လဲ့လဲ့တွေသာ အလဲလဲ အပြိုပြို ဖြစ်သွား
 ကျွန်တော်နဲ့ အိပ်စက်ခြင်း မိတ်ဆွေ ဖြစ်မသွားခဲ့ဘူး

Monday, 26 November 2012

လရောင်မျှားသော နွေညများ

ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ် တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ အလင်းကြယ်တချို့ကား မဟီမြေပြင်ကို ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။ လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ  ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်

Friday, 23 November 2012

ဟိုက္ကူကဗျာ

` အိပ်မက်တွေ ကြွေတဲ့ည ´


အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
 

ခေတ်ဆိုး

ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။



ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။

Tuesday, 20 November 2012

လရောင်မျှားသော နွေညများ

ချစ်ခြင်း အသင်္ချေ။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။

လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။

အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။




ဆန္ဒမွန်ဖြင့်...လွမ်းနောင်။

Saturday, 17 November 2012

သင်္ခါရကို မျိုချနေရသော နေ့စွဲများ

ခုတလော ကျုပ်ရင်ထဲမှာ ပိုးတစ်မျိုးထနေတယ်။ တခြားဟုတ်ရိုးလားဗျာ။ အိမ်ရှေ့က အသစ်စက်စက် အုတ်တိုက်လေးကို ကြည့်ပြီး အိမ်အသစ် ဆောက်ချင်တဲ့ ပိုးပေါ့။ဟိုတုန်းက ကျုပ်အိမ်ကို စုတ်တယ် ချာတယ်.ပြောကြတုန်းက ကျုပ် သိပ်အရေးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်က ကြယ်မြင်လမြင် လောကဓံကိုပဲ ဖက်တွယ်ပြီး နေခဲ့တာ။ ဒီတုန်းကလည်း အိမ်ရှေ့မှာက အခုရှိနေတဲ့ တိုက်သစ်လေး မရှိသေးဘူး။ မြေကွက်လပ်ကြီးပဲ ရှိတာ။ ပြီးခဲ့တဲ့ နှစ်လ လောက်ကမှ အုတ်တွေ သဲတွေ လာချ ။ မြက်ရိုင်းတွေ ရှင်းပြီး လုပ်သွားလိုက်တာ အခုလို တိုက်လေး ဖြစ်လာတာပဲ။  အခုတော့ ရှေ့က တိုက်သစ်လေးကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ ကလိ ကလိ ဖြစ်နေတယ်။ ဖြစ်ဆို ကျုပ်မှာကလည်း လုံလောက်တဲ့ အကြောင်းက ရှိနေတာကိုး။

Wednesday, 14 November 2012

သက်မျှထပ်တူချစ်သော်လည်း



ယဉ်ကြည်ချိုရွှင်၊  ထုံးနောက်ရှင်နှင့် ၊ ရွှေစင်ပုံသွန်း၊ လှရည်ရွှန်းတင့်၊လေးကျွန်းတစ်ကိုယ်၊ တုနှိုင်းဆိုလည်း ၊ ဖက်လိုပြိုင်ကြ ၊ နိုင်မရမို့၊ပျောင်းပျ ညွတ်ထွေ၊ လှမြုတေကို၊ ရဝေခေါင်နန်း၊ တော်ထိုက်ပန်းဟု၊ ပျံ့မွှန်းဆိုကာ၊ ခွန်းဆင့်ပါ၍၊ ငါးဖြာကြန်အင်၊ ရှုတိုင်းယဉ်ကို၊ နေ၀င်ချုပ်စ၊ ဆည်းဆာညတွင်၊ ပျပျမှောင်ဖိတ်၊ နွေအရိပ်နှင့်၊ သုံးထိပ် တုနှုန်း၊ ၊မီ မဆုံးတည့်၊ ဆံထုံးမြိတ်သွယ် စို့တကား။