ညသည် သွေ့ခြောက်လွန်းစွာ ကန္တာရဆန်လျှက် ရှိနေသည်။ အဇဋာတစ်ခွင်ဝယ်
တိမ်ညိုတို့ မှိုင်းမှောင်ညစ်ထွေးလျှက်။ တိမ်ညိုတို့ကြားမှ
အလင်းကြယ်တချို့ကား မဟီမြေပြင်ကို
ချောင်းမြောင်းကြည့်နေသည်။လူရွယ်တစ်ယောက်။ အသက်သုံးဆယ်ခန့် လူရွယ်တစ်ယောက်။
လူရွယ်သည် ဝေရီနေသော ညအလယ်မှ နှင်းပုဝါကို ခွါချပြီး နှင်းအမိုးအောက်မှ
ရုတ်တရက် တိုးထွက်လာသည်။တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ သုံးလှမ်း
လှမ်းအပြီးတွင် လူရွယ်က ရှေ့သို့ ဆက်မလှမ်းဘဲ ရပ်လိုက်၏။ ရှေ့မှာ မြင်ရသော
အရာဝတ္ထုကို ကြည့်ပြီး လူရွယ် ပါးစပ် အဟောင်းသားဖြစ်နေသည်။ အတန်ကြာမှ
အံ့သြမှုကို မချုပ်တီးနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာသည်
Monday, 26 November 2012
Friday, 23 November 2012
ဟိုက္ကူကဗျာ
` အိပ်မက်တွေ ကြွေတဲ့ည ´
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
အလင်းမှုန်ပျပျ
ဆိတ်ဖလူးနံ့ သင်းမြမြ
ဆန္ဒတွေ မြေခ။
ခေတ်ဆိုး
ဆန္ဒကင်းလည်း
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။
ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။
အမှောင်ထဲမှာ
အမြဲလျှောက်နေရဦးမည်။
ဆန္ဒမွန်ဖြင့် ..။ လွမ်းနောင်။
Tuesday, 20 November 2012
လရောင်မျှားသော နွေညများ
ချစ်ခြင်း အသင်္ချေ။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။
လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။
အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
အလွမ်းဝေ နွေညများ
မြူက ရစ်ခွေ။
လရောင်က ပုန်း(ကိန်း) နေ၊
ကန္တာနွေ တစ်ကိုယ်တည်း။
အဇဋာနယ်တစ်ခွင်
ကြယ်တာရာရယ် သဘင်စုံပြီမို့
ပုဏ္ဏမိံ စန်းယုန်လရယ်က
ဝသုန်မြေ လွှမ်းခြုံသပါလို့
ဘ၀မှာ အလှဝေအောင်ပ
တစ်ကိုယ်ရည် နွေစခန်းမှာ.
( စန္ဒာရယ် )
ထွန်းပါ့အမြဲ။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
Saturday, 17 November 2012
သင်္ခါရကို မျိုချနေရသော နေ့စွဲများ
ခုတလော ကျုပ်ရင်ထဲမှာ ပိုးတစ်မျိုးထနေတယ်။ တခြားဟုတ်ရိုးလားဗျာ။
အိမ်ရှေ့က အသစ်စက်စက် အုတ်တိုက်လေးကို ကြည့်ပြီး အိမ်အသစ် ဆောက်ချင်တဲ့
ပိုးပေါ့။ဟိုတုန်းက ကျုပ်အိမ်ကို စုတ်တယ် ချာတယ်.ပြောကြတုန်းက ကျုပ်
သိပ်အရေးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်က ကြယ်မြင်လမြင် လောကဓံကိုပဲ ဖက်တွယ်ပြီး
နေခဲ့တာ။ ဒီတုန်းကလည်း အိမ်ရှေ့မှာက အခုရှိနေတဲ့ တိုက်သစ်လေး မရှိသေးဘူး။
မြေကွက်လပ်ကြီးပဲ ရှိတာ။ ပြီးခဲ့တဲ့ နှစ်လ လောက်ကမှ အုတ်တွေ သဲတွေ လာချ ။
မြက်ရိုင်းတွေ ရှင်းပြီး လုပ်သွားလိုက်တာ အခုလို တိုက်လေး ဖြစ်လာတာပဲ။
အခုတော့ ရှေ့က တိုက်သစ်လေးကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ ကလိ ကလိ ဖြစ်နေတယ်။
ဖြစ်ဆို ကျုပ်မှာကလည်း လုံလောက်တဲ့ အကြောင်းက ရှိနေတာကိုး။
Wednesday, 14 November 2012
သက်မျှထပ်တူချစ်သော်လည်း
ယဉ်ကြည်ချိုရွှင်၊ ထုံးနောက်ရှင်နှင့် ၊ ရွှေစင်ပုံသွန်း၊ လှရည်ရွှန်းတင့်၊လေးကျွန်းတစ်ကိုယ်၊ တုနှိုင်းဆိုလည်း ၊ ဖက်လိုပြိုင်ကြ ၊ နိုင်မရမို့၊ပျောင်းပျ ညွတ်ထွေ၊ လှမြုတေကို၊ ရဝေခေါင်နန်း၊ တော်ထိုက်ပန်းဟု၊ ပျံ့မွှန်းဆိုကာ၊ ခွန်းဆင့်ပါ၍၊ ငါးဖြာကြန်အင်၊ ရှုတိုင်းယဉ်ကို၊ နေ၀င်ချုပ်စ၊ ဆည်းဆာညတွင်၊ ပျပျမှောင်ဖိတ်၊ နွေအရိပ်နှင့်၊ သုံးထိပ် တုနှုန်း၊ ၊မီ မဆုံးတည့်၊ ဆံထုံးမြိတ်သွယ် စို့တကား။
Sunday, 11 November 2012
ကြယ်တွေစုံတဲ့ ကောင်းကင်
မခမ်းမနား ၊ မဆန်းပြားလည်း
စွမ်းအားပြည့်စုံ ၊ မွှေးနံထုံသည်
လက်ဆုံခင်းသည့်  ထမင်းဝိုင်း ။
အွန်လိုင်းပေါ်တွင် သူငယ်ချင်း တစ်ယောက် တင်ထားသော ကဗျာလေးကို ဖတ်အပြီး သူမရင်ထဲ သိမ့်သိမ့်လေး လှုပ်ရှားသွားသည် ။ နေ့တစ်နေ့တာတွင် သူမအတွက် အပူလောင်ဆုံး အချိန်သည် မနက်ခင်းဖြစ်ပြီး အအေးမြဆုံး အချိန်သည် ဆည်းဆာရီ တစ်ခုသာ ဖြစ်သည် ။
မနက်ခင်းဆိုလျှင် အဖေနဲ့ အမေတို့က အိမ်ကနေ ထွက်ပြီး ရုံးသို့ သွားသည်။ တစ်နေ့လုံး အိမ်ထဲမှာ သူမ တစ်ယောက်သာ ရှိသည်မို့ မနက်ခင်းကို သူမ မုန်းသည် ။ ညနေခင်းကိုတော့ချစ်သည် ။ တိမ်အလွှာတွေက ဇာပ၀ါကွန့်သလို အတွန့် အတွန့်တွေက တစ်မျိုး ၊ ဟိုးးးးးအထက်သို့ ထောင်တက်နေသည်က တစ်ဖုံ ၊ ငိုရဖန်များ၍ နီရဲ မို့အစ်နေသော မျက်လုံး ပုံစံကဲ့သို့ နေမင်းကြီး ၊ ဆိုင်ရာ ဆိုင်ရာ ဌာနေသို့ ပြန်နေသော ငှက်အုပ်များ ။ ဒီမြင်ကွင်းတွေက ဆည်းဆာရဲ့ အလှတွေပင်ဖြစ်သည်။ ဒီအလှတွေကို အနားကွပ်ပေးတာကတော့ သူမရဲ့ မိဘနှစ်ပါး အိမ်အပြန်ခရီးဖြစ်သည် ။ သူမသည် မိသားစုကို တွယ်တာသည် ။ သူမတို့ မိသားစုမှာ.ကဗျာလေးထဲကလို လက်ဆုံခင်းသည့် ထမင်းဝိုင်း မဖြစ်တာ အတော်ပင် ကြာခဲ့လေပြီ..။
Saturday, 27 October 2012
နှင်းဆွတ်ဆွတ်လမ်း
( ၁ )
နှင်း..ကျနေသည်။ ဖြူဖြူဆွတ်ဆွတ် ဇာပ၀ါ လွှမ်းသိုင်းလို့ နှင်းမှုံတို့ ဆိုင်းနေသည်။ လမ်းကလေးပေါ်မှာရော ၊ ရွက်ကြွေတချို့ပေါ်မှာရော နှင်းကျနေသည်။ ကျွန်တော်တို့ရောက်နေသည်က အိမ်ခြေ အတန်ထူထပ်သော ရပ်ကွက်ငယ်လေးအတွင်းမှ အလင်းဆိုင်လေး တစ်ခုတွင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်သူ သက်အောင်။ ကျွန်တော်တို့ စားပွဲဝိုင်းတွင် သက်အောင်သောက်လက်စ ပုလင်းလေးနှင့် တယောတစ်လက်ရှိနေသည်။ မှိန်ပျပျ လမ်းမီးရောင်အောက်ဝယ် နှင်းပုဝါက ထူထူထဲထဲပင် ခြုံသထားသည်။ ပတ်ဝန်းကျင် အမြင်အာရုံက အတိတ်ဆန်လွန်းစွာ မှုန်ဝါးဝါး။ ထို မှုန်ဝါးဝါးအောက်ဝယ် ဆိုင်ရဲ့မျက်စောင်းထိုးမှ လမ်းကလေး။ နှင်းမှုံတို့ ဝေ့၀ဲကျဆင်းနေသည့် လမ်းကလေး။လမ်းကလေးကို စိုက်ကြည့်ရင်း ကျွန်တော့်ရင်မှာ သိသိသာသာ ခုန်လာသည်။ထိုလမ်းကလေးထဲကို တိုးဝင်သွားမည်ဆိုလျှင် ကျွန်တော် ငယ်စဉ်က တက်ခဲ့ဖူးသည့် အလယ်တန်းကျောင်းကလေး ရှိမည်။ ထိုအလယ်တန်းကျောင်းကလေးကို ကျော်၍ ဆက်သွားမည်ဆိုပါလျှင်..နှင်း...
ချစ်ရပါသော နှင်း နေထိုင်သည့် အိမ်ကြီးကို ရောက်ပေမည်။ အတိတ်က ငွေ့ရည်ဖွဲ့ကာ ရင်ထဲတွင် အစိုင်အခဲတစ်ခုပမာ တည်နေဆဲ။ သိပ်သည်းလာသော ဝေဒနာကို မခံစားနိုင်စွာပင် သက်အောင်ကို ကျွန်တော် ရင်ဖွင့်မိသည်။ အ၀ိဥာဏက နှင်းပွင့်ကလေးတွေကတော့ သူတို့၏ ဖြူစင်ခြင်းနှင့် သူတို့၏သစ္စာရှိမှုကို ပြနေသည့်အလား ဖွဲဖွဲသည်းသည်း ကျဆင်းနေဆဲပင်။ရင်ထဲမှာရော.. ရင်ထဲမှာလည်း နှင်းရှိနေသည်။ချစ်ရပါသော နှင်းရှိနေသည်။

Saturday, 20 October 2012
စကားစမြည် စိုက်ခင်း
( ၁ )
ရာသီကား ဆောင်းခိုငှက်တို့ နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း
မြေသို့နင်းကာ
လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း
ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ
ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က
မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး ထန်းပင်တို့
ကြီးစိုးသည့် တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။
မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက
အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား
သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့်
ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့
ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊
ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့
အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန်
စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး
ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။
မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က
နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။
နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့်
တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။
Tuesday, 16 October 2012
ဖူးပွင့်လာသော အနုပညာပန်းများ
`ပျော်စရာ ရွှင်စရာ ကမ္ဘာ´
ဖွင့်ထားတဲ့ မျက်စိမှာ သူငယ်အိမ်ဟာ အရှေ့မှ အနောက် တောင်မှ မြောက်သို့
ဘဝဟာအဆုံးကစပြီး အဆုံးမှာဆုံးဖို့ စလာတယ်
သစ်ရွက်တွေကြွေသွားသလား ရထားဟာပျံသွားသလား
မေးခွန်းများထဲ နားသူငယ် ကြီးကောင်ဝင်လာသလို
လွင်ပြင်လိုမျိုး သတ်ကွင်းလိုမျိုး တံဆိပ်အမျိုးမျိုးကပ်
အခိုးတလူလူ အငွေ့တလူလူ သူတို့လူတဲ့လား မေမေ

Subscribe to:
Posts (Atom)