ပန်းတစ်ခိုင်ဆိုတာလေးကနေ လက်ဝဲရစ် ဖတ်သွားလိုက်ရင် ဒီလိုလေး တွေ့ရမှာပါခင်ဗျာ။
ပန်း တစ်ခိုင် ပန်း မြိုင်တင့် ပန်း လှိုင်ဆင့် ပန်း ဝေ ။
ပန်း ကြိုင်စွင့် ပန်း တွေရယ် ပန်း ကဝေ ပန်း အလှ ။
ပန်း မြမြ ပန်း နွယ် ပန်း ထည်တဲ့ ပန်း ဘ၀ ။
ပန်း အသွေး ပန်း မွှေးကြည်တယ် ပန်း ရွေးသီ ပန်း ပန်းချီခြယ်သ။
ပန်း ၀တ်ရည် ပန်း ကြည်မြသမို့ ပန်း သီတာ့ ပန်း လွင် ။
ပန်း အစုံ ပန်း ဂုဏ်မညှိုး ပန်း ဘုံတိုး ပန်း မွန် ။
ပန်း ညီကာ ပန်း အသွင်မို့ ပန်း ဆင်လို့ ပန်း ၀တ်လွှာ ။
ပန်း ဥယျာဉ် ပန်း ပင်မြင့် ပန်း လွင့် ပန်း ၀ါ ။
ပန်း နိမိတ် ပန်း အရိပ်ဖြာတယ် ပန်း သိက္ခာ ပန်း ဖြာဝင့်လေး ။
ရိုးရိုးတေးထပ်လို စာစီလိုက်ရင်တော့ ဒီလိုလေး တွေ့ရပါမယ်ခင်ဗျာ။
ပန်းတစ်ခိုင် ပန်းမြိုင်တင့်
ပန်းလှိုင်ဆင့် ပန်းဝေ
ပန်းကြိုင်စွင့် ပန်းတွေရယ်
ပန်းကဝေ ပန်းအလှ ။
ပန်းမြမြ ပန်းနွယ်
ပန်းထည်တဲ့ ပန်းဘ၀ ။
ပန်းအသွေး ပန်းမွှေးကြည်တယ်
ပန်းရွေးသီ ပန်းပန်းချီခြယ်သ ။
ပန်းဝတ်ရည် ပန်းကြည်မြသမို့
ပန်းသီတာ့ ပန်းလွင် ။
ပန်းအစုံ ပန်းဂုဏ်မညှိုး
ပန်းဘုံတိုး ပန်းမွန် ။
ပန်းညီကာ ပန်းအသွင်မို့
ပန်းဆင်လို့ ပန်းဝတ်လွှာ ။
ပန်းဥယျာဉ် ပန်းပင်မြင့်
ပန်းလွင့် ပန်းဝါ ။
ပန်းနိမိတ် ပန်းအရိပ်ဖြာတယ်
ပန်းသိက္ခာ ပန်းဖြာဝင့်လေး..။
ကဗျာလေးကို ဝေဖန်ထောက်ပြတဲ့ စာပေအာစရိယ အပေါင်းအား ဦးညွတ်ပြီး စာပေဖွားဖက်တော် အပေါင်းအား လေးစားလျှက်....။
ဆန္ဒမွန်ဖြင့်........လွမ်းနောင် ။
သည်နေရာမှာ တကယ့်အနုပညာ သမားပီသတာကိုတွေ့လိုက်မိတယ်ဗျ
ReplyDeleteကဗျာတစ်ပုဒ်ကို အမျိုးမျိုးယက်ဖေါက်သွားနိုင်တာကို လေးစားမိတယ် အကို။