မစို့မပို့ အလင်းရောင်ကြားမှာ
အလဲလဲ အပြိုပြို အော်သံ ခေါ်သံတွေနဲ့
သူ့ရဲ့ ည၀တ်ရုံကို ဆွဲခွါတယ်။
စီမ်း..နီ..မဲ...မှောင်
အရောင်စုံ အပြုံးတွေကို ကိုယ်စီတပ်ဆင်းရင်း
အဲ့ဒီမနက်ကို စတင်ခင်းကျင်းခဲ့တယ်။
သူက ..
လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုဆိုတာတွေနဲ့
ဘူတာရုံလေးဘေးက ဈေးထဲမှာ
တစ်ထွာဝမ်းရေး အတွက်
ဒေါသ ဓားရေးခတ်သံတွေ ညံတယ်။
ဝယ်ကြပါ အားပေးကြပါ။
အငုံပန်းလေးတွေရဲ့ ဈေးရောင်းသံ
မြို့ပတ်ရထားပေါ်မှာ ညံတယ်။
ဘားနက်ရှောရဲ့ တရားဥပဒေဘောင်ထဲက ပြည်တန်ဆာ စနစ်တွေ
ဖြစ်ထွန်းမှု( အရမ်းကို) အားကောင်းတယ် ။
ဒုတိယ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းတွေကြောင့်
အဖြူရောင် မျက်ဝန်းလေးတွေရဲ့
တိုးတိုးတိတ်တိတ် ရှိုက်သံ
ဝိဘစ္ဆ ရင်အုံကိုလာမှန်တယ်။
အပြုံးရောင်းတယ် အပြုံးဝယ်ပါ
ကောင်တာမှာ အပြုံးတစ်ပွင့်ချေခဲ့ပါ
ဒီလိုဆိုင်မျိုး ရှိသင့်တာ ကြာပြီ။
ခြွင်းချက် အနေနဲ့ စစ်မှန်ဖို့တော့ လိုမယ်။
အချိန် ငွေကြေးနဲ့ စိတ်အဟာရကို
ဆတူအချိုးချပြီး ရှိုက်ဖွာသူတွေရှိတယ်။
အသွားလား အပြန်လား
မှောင်ရိပ်ကွယ် ကုန်းတံတားအောက်မှာ
အငုံပန်းတွေကို စိုက်ပျိုးဖို့
အမိုးမဲ့ ကဗ္ဗလာကို ပြုပြင်ဖို့..
ဖို့..ဖို့.......ဖို့....
..............................
ဆို့ ..ဆို့.နင့်..နင့်..
အကြွေပန်းတစ်ပွင့်ရဲ့ ရင်ဖွင့်သံ
စာနာမှု ရင်ဘတ်ကို တည့်တည့်မှန်တယ်။
“ မြို့ ” လို့ အမည်တပ်ထားပေမယ့်
တကယ်တော့ ဒါဟာ စိတ်ယဉ်ကျေးမှု မဲ့တဲ့ တောအုပ်
တဖြည်းဖြည်း ဒေ၀ဓမ္မ ဆုတ်ယုတ်လာတဲ့ သတ်ကွင်း
အတ္တချင်း စီးချင်းထိုးတဲ့နယ်မြေ
အာဃာတအရောင်တွေ စွန်းပေတယ်။
အဲ့ဒီလို.......
အဲ့ဒီလိုနဲ့ပဲ
မြို့ကလေးက သေးငယ်မှေးမှုန်
သိင်္ဂါရ ၀တ်ရုံကို မခြုံနိုင်တာ ကြာပြီ။
ကြိုးစားပါဦးမည်။ ဆန္ဒမွန်ဖြင့်.....လွမ်းနောင်။
အဲသည်မြို့က...
ReplyDeleteအပျိုမနဲ့ မတူတာကြာရှာပါပေါ့ အကိုလွမ်းနောင်
သိပ်ကိုမှောင်လွန်းလှတော့ ဘယ်ကြယ်မှလည်း ပြောင်ခွင့်မရရှာဘူး
ရောင်နီကတော့ ဖြူးရှာပါပြီ ကျွန်တော်တို့တစ်တွေ လက်ညီကြတာပေါ့ဗျာ။