နှောင်းနွေအခါ ၀ဠာက မိုးတွေ ညို့လျှင်ဖြင့်
ပေါင်းဆွေသဟာ လာကြ အမိုးတွေ တို့ပြင်စို့ရဲ့
ဖိုးခင်တို့တဲရယ်နဲ့ နွားစာခြံ ၊
(အိုကွယ်..)
မိုးစင်လို့ ရွှဲလျှင်ဖြင့် သွားမှာအမှန်။
Saturday, 30 November 2013
မြေစာမြက်နှင့် ချိုးဖြူငှက်
( ၁ )
သူငယ်ချင်း.......
မင်းလည်းကြားသိ ၊ ငါကြားမိခဲ့
ကြားသည့်စကား၊ ပြန်ပြောကြားသော်
ရင်များလည်တုန်၊ ဒေါဟုန် ဆတ်ဆတ်
မပြတ်မသား၊ စိတ်များလည်းလေ
မောဟတွေဖုံး၊ နှလုံးသားမှာ
အသားမာ...။
သူငယ်ချင်း.......
မင်းလည်းကြားသိ ၊ ငါကြားမိခဲ့
ကြားသည့်စကား၊ ပြန်ပြောကြားသော်
ရင်များလည်တုန်၊ ဒေါဟုန် ဆတ်ဆတ်
မပြတ်မသား၊ စိတ်များလည်းလေ
မောဟတွေဖုံး၊ နှလုံးသားမှာ
အသားမာ...။
မေတ္တာမိုးလေး ရွာစေချင်
တို့ယာမြေ အလှတော
မြကြောတို့ စိမ်းစိုပေ။
လေယူရာ နွဲ့ကာတိမ်း
ယိမ်းကလို့ဝေ။
သစ္စာမိုး မျှော်ကာနေ၊
ခေါင်နိုင်ပေ ကိုရွှေမိုး။
မြကြောတို့ စိမ်းစိုပေ။
လေယူရာ နွဲ့ကာတိမ်း
ယိမ်းကလို့ဝေ။
သစ္စာမိုး မျှော်ကာနေ၊
ခေါင်နိုင်ပေ ကိုရွှေမိုး။
အန္ဓကမ္ဘာ
စိတ်ဓာတ်တွေပြာကျ
လုပ်ရပ်ကအပြာ။
ဇာတိအာဏာ။
အနတ္တ မြေကမ္ဘာ
သေမှာပင်တစ်နေ့။
မောဟလှုံ
ဒေါသဟုန် ထုံလွှမ်းလို့
သောကရုံ ဘုံအနှမ်းမှာ
လောကဂုဏ် အကုန်ခမ်းတယ်။
ရော်နွမ်းလို့သွေ့။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
လုပ်ရပ်ကအပြာ။
ဇာတိအာဏာ။
အနတ္တ မြေကမ္ဘာ
သေမှာပင်တစ်နေ့။
မောဟလှုံ
ဒေါသဟုန် ထုံလွှမ်းလို့
သောကရုံ ဘုံအနှမ်းမှာ
လောကဂုဏ် အကုန်ခမ်းတယ်။
ရော်နွမ်းလို့သွေ့။
ဆန္ဒမွန်ဖြင့်...လွမ်းနောင်။
မိုးကလျာ
မိုးကလူ မိုးမြူကျ
မိုးဖြူက မိုးမှောင်
မိုးသူဇာ့ မိုးမောင်ရယ်
မိုးအဆောင် မိုးထား။
မိုးဖြူက မိုးမှောင်
မိုးသူဇာ့ မိုးမောင်ရယ်
မိုးအဆောင် မိုးထား။
ရုပ်သေးရုပ်ပွဲတော်
မြေကမ္ဘာ လင်းရောင်သုဉ်း
တိမ်ဖုံးလို့ လမသာ။
လူ့ဘုံခန်းဝါ။
ငြိလေရာ
ကိလေသာ နွံအိုင်တော။
ဇော်ကနက် ဇော်ကနီနဲ့
ဥာဏ်ပလီ ဇာတ်အလှုပ်မှာ
(ကွယ်...)
ကြိုးရှုပ်လို့မော။
ဆန္ဒမွန်ဖြင့်...... လွမ်းနောင်။
တိမ်ဖုံးလို့ လမသာ။
လူ့ဘုံခန်းဝါ။
ငြိလေရာ
ကိလေသာ နွံအိုင်တော။
ဇော်ကနက် ဇော်ကနီနဲ့
ဥာဏ်ပလီ ဇာတ်အလှုပ်မှာ
(ကွယ်...)
ကြိုးရှုပ်လို့မော။
ဆန္ဒမွန်ဖြင့်...... လွမ်းနောင်။
Subscribe to:
Posts (Atom)