Saturday 30 November 2013

မိုးကလျာ

မိုးကလူ မိုးမြူကျ
မိုးဖြူက မိုးမှောင်
မိုးသူဇာ့  မိုးမောင်ရယ်
မိုးအဆောင် မိုးထား။


မိုးတစ်သက် မိုးရက်ရှည်
မိုးသက်ဝေ မိုးမြေတစ်ပါး၊

မိုးတစ်ဖျောက် မိုးအောက်မှာကွယ်
မိုးသောက်တယ် မိုးသား။

မိုးပေါက်ကြယ် မိုးများသမို့
မိုးတရား  မိုးခြွေ၊

မိုးရေဖြာ မိုးပီသ
မိုးဂီတ မိုးသံကဝေ။

မိုးအလှ မိုးတစ်မြေ
မိုးငွေစင် မိုးဖြန်းလို့
မိုးပန်းတို့  မိုးသိမ့်တုန်
မိုးခြိမ့် မိုးဟုန်။

မိုးအငြိမ့်  မိုးအမ္ဗုန်ရယ်
မိုးသံစုံ မိုးကျူးတော့လေး...။

No comments:

Post a Comment

ကွန်မန့်တစ်ခုဟာ စာရေးသူအတွက် အားဆေးတစ်ခွက်ပါ။ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောသွားစေချင်ပါတယ်ခင်ဗျာ။